သြစတြေးလျအတွက် ရေငုပ်သင်္ဘောတွေ တည်ဆောက်ပေးဖို့ အမေရိကန် ဆွေးနွေးနေ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၄ ရက်

တရုတ်နိုင်ငံရဲ့ စစ်ရေးအင်အား ကြီးထွားလာမှုကို ရင်ဆိုင်နိုင်တဲ့ ကာကွယ်ရေးစွမ်းရည် မြန်မြန်ဆန်ဆန် တည်ဆောက်နိုင်ဖို့ သြစတြေးလျနိုင်ငံထံ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ ရောင်းချဖို့ အမေရိကန် နိုင်ငံက ဆွေးနွေးနေပါတယ်။

စီမံချက်အရ အမေရိကန်နိုင်ငံက ၂၀၃၀ ပြည့်နှစ်အလယ်မှာ သြစတြေးလျနိုင်ငံသို့ ရေငုပ်သင်္ဘောသစ် အ နည်းငယ် ထောက်ပံ့မှာဖြစ်တယ်လို့ အနောက်နိုင်ငံ တာဝန်ရှိသူတွေကို ကိုးကားပြီး The Wall Street Journal က ဖော်ပြပါတယ်။ သြစတြေးလျနိုင်ငံက ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောတွေလည်း တည်ဆောက်မှာဖြစ်ပါတယ်။

အာရှ-ပစိဖိတ်ဒေသမှာ တရုတ်နိုင်ငံရဲ့ ယှဉ်ပြိုင်မှုတွေ တိုးမြင့်လာတာကြောင့် သြစတြေးလျ၊ အမေရိကန် နဲ့ ဗြိတိန်နိုင်ငံတွေက ကာကွယ်ရေးဆက်ဆံမှု တိုးမြှင့်ဖို့နဲ့ ထောက်လှမ်းရေးနဲ့ သတင်းအချက်အလက်တွေ မျှဝေဖို့ ပြီးခဲ့တဲ့နှစ်အတွင်း မဟာမိတ်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီ သဘောတူညီချက်အရ ၂၀၄၀ ပြည့်နှစ်မတိုင်မီ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောအုပ်စု တည်ဆောက်ဖို့ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံက သြစတြေးလျနိုင်ငံကို ကူညီပေးမှာဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံက အစောလျင်ဆုံး နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေဝယ်ယူရေး ကူညီမယ့် ကတိက ဝတ်တစ်ခုကို မဟာမိတ်နိုင်ငံတွေက ထုတ်ပြန်ချက်တစ်ခုအတွင်း ထပ်လောင်းအတည်ပြုခဲ့ပါတယ်။

အနာဂတ်မှာ ပြည်တွင်းဖြစ် နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောအုပ်စု တည်ဆောက်သွားမယ်လို့ သြစတြေး လျနိုင်ငံက ပြီးခဲ့တဲ့အပတ်အတွင်း အတည်ပြုခဲ့ပါတယ်။

မည်သည့်အမျိုးအစား ရေငုပ်သင်္ဘောကို တည်ဆောက်မယ်ဆိုတာနဲ့ မည်သည့်အချိန်တွင် ရေငုပ်သင်္ဘော သစ်တွေရရှိမယ်ဆိုတာကို သြစတြေးလျနိုင်ငံက မကြေညာရသေးပေ။

သြစတြေးလျရေတပ်ဖွဲ့ဝင်တွေကို ဗြိတိန်ရေတပ်ရဲ့ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေပေါ်မှာ လေ့ကျင့် ပေးဖို့ စီစဉ်ထားပေမယ့် အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။

ကိုးကား – The Straits Times

Ref; US is in talks to produce nuclear submarines for Australia: Report