အာဏာသိမ်းဖို့ အကြံပေးခဲ့တဲ့ ဗိုလ်ချုပ်ဟောင်းအုန်းသွင် နဲ့ သားမက်ဗိုလ်ကြီးဟောင်းကိုရှင်းလင်း၊ သားမက်ရဲတေဇက ရန်ပြုလို့ ပစ်ခတ်ခဲ့တာလို့ IUF ပြော

ဧရာဝတီတိုင်းမ်

စက်တင်ဘာ ၂၄ ရက်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊(၁၂) ရပ်ကွက်၊ သဘာဝရိပ် ငြိမ်လမ်းတွင် ဗိုလ်ချုပ်ဟောင်း အုန်းသွင်နဲ့ သားမက်ဖြစ်သူ ဗိုလ်ကြီးရဲတေဇတို့ကို ယနေ့ စက်တင်ဘာလ ၂၄ ရက် ညနေ ၃ နာရီ ဝန်းကျင်တွင် ပစ်ခတ်ရှင်းလင်းခံခဲ့ရကြောင်း သိရသည်။

သေဆုံးသွားသည့် ဗိုလ်ချုပ်ဟောင်း အုန်းသွင်မှာ

စစ်တပ်မှ အာဏာသိမ်းရန်အကြံပေးရာတွင် ပါဝင်ခဲ့သဖြင့်ရှင်းလင်းခြင်းဖြစ်ပြီး ၎င်း၏သားမက်ဖြစ်သူ အငြိမ်း စားဗိုလ်ကြီးရဲတေဇမှာ ပြန်လည်ခုခံ ရန်ပြုရန်ကြိုးပမ်းသဖြင့် ပစ်ခတ်ခဲ့ရကြောင်း Inya Urban Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

“ရန်ကုန်မှာ လုံခြုံရေးတင်း​ကြပ်ထားတဲ့ကြားက ဒီိလိုအကြမ်းဖက်စစ်တပ်ရဲ့ ထောက်တိုင်ကြီးကို ရှင်း လင်းနိုင်တာ ဒါပထမဆုံးလို့ပြောလို့ရမယ်။ အငြိမ်းစားစစ်ဗိုလ်ချုပ်တွေ အများကြီးရှိပေမယ့် အခု အကြမ်းဖက်စစ်တပ်ရဲ့ထောက်တိုင်မဖြစ်နေရင် ကျွန်တော်တို့က ဘာမှလုပ်စရာမရှိဘူး။ ထောက်တိုင်ဖြစ်နေရင်တော့ လုံခြုံရေးဘယ်လောက်တင်း ကြပ်တင်းကြပ်

ဘယ်လောက်ရာထူးကြီးကြီး ကျွန် တော်တို့မှာ ရှင်းလင်းနိုင်စွမ်းရှိနေပြီ”ဟု Inya Urban Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

၎င်းမှဆက်လက်ပြီး “ရည်ရွယ်တာကတော့ သူ့ကိုပဲ ရည် ရွယ်တဲ့ပစ်ခတ်ရှင်းလင်းမှူဖြစ်ပေမယ့် သူ့ရဲ့သားမက်က ရဲဘော်တွေကိုရန်ပြုဖို့ ကြိုးစားလို့ သူ့ကိုပါတစ်ခါတည်း ရှင်းလင်းခဲ့တာပါ”ဟု ဆိုသည်။

အငြိမ်းစားသံအမတ်ကြီး ဦးအုန်းသွင် (၇၂ နှစ်) သည် သားမက်ဖြစ်သူနှင့် အပြင်မှပြန်လာပြီး အိမ်တံခါးဖွင့်နေစဉ် နောက်မှကပ်လျက် လိုက်ပါလာသည့်ကားပေါ်မှ လူနှစ်ဦးက သေနတ်ဖြင့်ဝိုင်းပစ်သဖြင့် အငြိမ်းစားသီရိလင်္ကာသံအမတ်ကြီးနှင့် သားမက်ဖြစ်သူတို့မှာ ကျည်ထိဒဏ်ရာများဖြင့်အခင်းဖြစ်နေရာတွင်သေဆုံးသွားကြောင်း ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦး၏

ပြောပြချက်အရ သိရှိရသည်။

ပစ်ခတ်ရှင်းလင်းခံရသည့် ဗိုလ်ချုပ်အုန်းသွင်သည် DSA 15 ဆင်းဖြစ်ပြီး ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ဆရာရင်းဖြစ်ကြောင်း သိရှိရသည်။

၎င်းသည်အာဏာမသိမ်းမီ တစ်နှစ်ခန့်အလိုက ၂၀၀၈ ခြေဥအတွင်းမှပင် အာဏာသိမ်းစရာမလိုဘဲ အာဏာထိန်း၍ရကြောင်း စာတမ်းတစ်ခုရေးသားကာ အကြမ်း ဖက်စစ်တပ်ဒုခေါင်းဆောင် စိုးဝင်းထံပေးပို့ခဲ့ကြောင်း သိရသည်ဟုလည်းဆိုသည်။

ထို့အပြင် ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်ဘဝဖြင့် စစ်တပ်မှ အငြိမ်းစားယူ၍ မြန်မာနိုင်ငံဆိုင်ရာ သီရိလက်ာနိုင်ငံသံအမတ်၊ ဘဂ်လားဒေ့ရှ်သံအမတ်၊ မော်လ်ဒိုက်သံအမတ်နှင့် တောင်အာဖရိကသံအမတ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ခုခံရန်ပြုရန်ကြိုးပမ်းသည့် အငြိမ်းစားဗိုလ်ကြီးရဲ တေဇမှာ သမီးအငယ်ဆုံး၏ ခင်ပွန်းဖြစ်သူဖြစ်ပြီးအာဏာမသိမ်းမီကအငြိမ်းစားယူထားသူဖြစ်ကြောင်းနှင့်၎င်းသည် ဒေါ်အောင်ဆန်းစုကြည် ကို မကြာခဏဆဲဆိုလေ့ရှိသူဖြစ်ပြီး ဆန္ဒပြလူငယ်များ သတ်ဖြတ်ခံရချိန်၌ လူမှုကွန်ရက်တွင် အောင်ပွဲခံခဲ့သူဖြစ်သည်ဟုဆိုသည်။

#AyeyarwaddyTimes