ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၄ ရက်

 

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် နိုဝင်ဘာ ၁၅ ရက်တွင်မုန်တိုင်းငယ်ဖြစ်ကာ ၁၆ ရက်တွင် ဆိုက်ကလုန်းမုန်တိုင်းဖြစ်ပေါ်ပြီး ယင်းအရှိန်ကြောင့် ၁၇ ရက်အထိ လက်ရှိရေကြီးရေလျှံနေသော ရှမ်းပြည်နယ်( တောင်ပိုင်း) အပါအဝင် ဒေသအချို့တွင် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

 

လာမည့်သုံးရက်အတွင်း တနင်္ဿာရီတိုင်း၊ ကရင် မွန်၊နေပြည်တော်၊ ရန်ကုန်၊ပဲခူး၊ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်( တောင်းပိုင်း) တို့တွင် မိုးထစ်ချုန်းရွာမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

 

အဆိုပါလေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ဖြစ်ပေါ်နိုင်ပြီး မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင်နေထိုင်သူများသတိထားရန်လိုအပ်ကြောင်းပါဝင်သည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ ၃၀ မိုင်အထိတိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ခုနှစ်ပေမှ ကိုးပေအထိရှိနိုင်ကြောင်း သိရသည်။

 

စူပါအယ်လ်နီညိုကာလထဲရောက်ရှိနေချိန်တွင် မိုးရွာသွန်းမှုပုံစံ မူမမှန်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ ဆောင်းရာသီနှင့် နွေရာသီကာလများတွင် အပူချိန်များ မြင့်မားခြင်း၊ မိုးခေါင် ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်သည့်အတွက် ပြည်သူများသတိပြုကြရန် လိုအပ်မည်ဖြစ်သည်။

 

ဓာတ်ပုံ-ရှမ်းတောင် ပရဟိတ