ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၄ ရက်
တောင်ကိုရီးယားနိုင်ငံက တရုတ်နိုင်ငံ သြဇာကြီးမားလာမှုကို မလိုအပ်ဘဲ ကြောက်နေဖို့ မလိုသလို၊ နိုင်ငံရဲ့ စွမ်းဆောင်ရည်တွေကိုလည်း လျှော့မတွက်သင့်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ချိုဟွန်းက စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
လာမယ့်အပတ် တရုတ်နိုင်ငံမှာ ကျင်းပမယ့် အေပက်ထိပ်သီးအစည်းအဝေး မတိုင်ခင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုတိုးမြှင့်ဖို့ သူက ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
တရုတ်နိုင်ငံ ခရီးစဉ်အတွင်း နှစ်နိုင်ငံ အပြန်အလှန် အကျိုးရှိမယ့် လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ ပိုသဘောပေါက်လာခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။
သူရဲ့ ပြောကြားချက်ဟာ ပေကျင်းမြို့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ သုံးလအတွင်း ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲနဲ့ ညစာစားပွဲ ပြုလုပ်ပြီးနောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဝမ်ယိနဲ့ ချိုဟွန်းတို့ဟာ နှစ်နိုင်ငံ ဆက်ဆံရေး၊ ကိုရီးယားကျွန်းဆွယ်အရေးနဲ့ ပြည်သူတွေ လက်တွေ့အကျိုးရှိမယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ပါတယ်။
တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့မှာ နိုဝင်ဘာလ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပမယ့် အေပက်ထိပ်သီးဆွေးနွေးပွဲကို သမ္မတ လီဂျေမြောင် တက်ရောက်မှာဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင် တည်ခင်းမယ့် ညစာစားပွဲကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။
အေပက်ထိပ်သီးအစည်းအဝေးမှာ ကမ္ဘာ့ခေါင်းဆောင်တွေ စုဝေးကြမှာဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ပူတင်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့နဲ့ သုံးပွင့်ဆိုင် တွေ့ဆုံဖို့ ရှိနေပါတယ်။
သမ္မတဟောင်း ယွန်ဆတ်ယိုလက်ထက်မှာ တင်းမာခဲ့တဲ့ တရုတ်နဲ့ ဆက်ဆံရေးကို သမ္မတ လီဂျေမြောင် အစိုးရက အမေရိကန်နဲ့ လုံခြုံရေး မဟာမိတ်ကို ထိန်းသိမ်းရင်း ပြန်ကောင်းလာအောင် ကြိုးပမ်းနေပါတယ်။
တရုတ်နိုင်ငံက ဉာဏ်ရည်တုနည်းပညာနဲ့ ဇီဝဆေးပညာလိုမျိုး နယ်ပယ်သစ်တွေမှာပါ တောင်ကိုရီးယားနဲ့ ပူးပေါင်းချင်တယ်လို့ ဝမ်ယိက ပြောပါတယ်။
News: Reuters
Ref; South Korea should not fear China’s rise, foreign minister say