သွေးမအေးတဲ့ရွှေနွယ်သွေးလူထုသပိတ်စစ်ကြောင်း ရက်ပေါင်း(၅၀၀)ပြည့်ဆင်နွှဲ

ဧရာဝတီတိုင်းမ်

စက်တင်ဘာ ၂၁ ရက်

သွေးမအေးတဲ့ရွှေနွယ်သွေးလူထုသပိတ်စစ်ကြောင်း ရက်ပေါင်း(၅၀၀)ပြည့်နေ့အနေဖြင့် “အညာရဲ့သွေး

သွေးမအေး ရွှေနွယ်မြေရဲ့တော်လှန်ရေး” စာသားပါဘန်နာ၊ “Accept NUG and Our Ambassador,

Reject Dictator”စာသားပါဘန်နာနှင့် “UN, Prove your existence for justice” စာသားပါဘန်နာတို့ကို

ကိုင်စွဲကာ ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်နေ့ကချီတက်ဆန္ဒပြခဲ့ကြပါသည်။

ဒါ့ပြင် ကုလသမ္မဂတွင် ဦးကျော်မိုးထွန်းအား NUGသံအမတ်အဖြစ် ခန့်အပ်ရေး၊ NUGအစိုးရအား

အသိအမှတ်ပြုရေး၊ ဗမာ့နွေးဦးတော်လှန်ရေးတွင်ကျဆုံးသွားကြသော အာဇာနည်သူရဲကောင်းများ

အလေးပြုခြင်း၊ သပိတ်ကော်မတီထံ အလှူငွေများ ပေးလှူခြင်း၊ သွေးသစ္စာသီချင်းဖြင့်သီဆို ကြွေးကြော်ခြင်းများပြုလုပ်ကာ

ရက်ပေါင်း (၅၀၀) ပြည့်နေ့ကို ချီတက်သပိတ်မှောက်ခဲ့ကြပါသည်။
#Ayeyarwaddy_Times