
ကလေးဝ နယ်မြေရဲစခန်းတိုက်ခိုက်မှု စခန်းမှူး ရဲအုပ် နေလင်းမြင့် အပါ ရဲ ၇ ဦးသေဆုံးပြီး လောင်ချာ ၁ လက်အပါ သေနတ် ၈ လက်နဲ့ခဲယမ်းများသိမ်းရမိ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၀ ရက်
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့နယ် မစိန်စံပြရွာနယ်မြေရဲစခန်းကို စက်တင်ဘာလ ၁၈ ရက် မနက်အစောပိုင်း အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ PDF-Kalewaကထုတ်ပြန်ပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုမှာ ရဲ ၇ ဦး သေဆုံးပြီး M 79 လောင်ချာ ၁ လက်အပါ သေနတ် ၈ လက်နဲ့ ခဲယမ်းပစ္စည်းအများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ PDF-Kalewa က ဒီကနေ့မှာထုတ်ပြန်ပါတယ်။
သိမ်းဆည်းရမိခဲ့တဲ့လက်နက်ခဲယမ်းတွေဟာ G3 သေနတ် ၅ လက် ၊Uzi သေနတ် ၂ လက် ၊M79 လောင်ချာ ၁ လက် ၊ လက်ပစ်မိုင်း ၃ လုံး ၊7.62 ကျည် 297 တောင့် ၊Uzi ကျည် 149 တောင့် ၊125 ဆိုင်ကယ် ၄ စီး ၊ဆက်သွယ်ရေးအထိုင်စက် ၂ လုံး ၊ဆက်သွယ်ရေးစကားပြောစက် ၃ လုံး ၊ဖုန်း ၁၀ လုံး ၊Power bank 1လုံး ၊Laptop 1 လုံး ၊ပိုက်ဆံအိတ် ၂ လုံး ၊ပိုက်ဆံ
13000ကျပ် ၊လက်ထိပ် ၂ ခု ၊ရွှေဆွဲကြိုး ၁ ကုံး ၊ကျောပိုးအိတ် 1 လုံး ၊ဘေးလွယ် အိတ် ၃ လုံး ၊ဓား ၁ ချောင်း ၊Equipment 1 ခုတို့ ဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။
အဲ့ဒီမစိန်ရဲစခန်းဖြစ်စဥ်သေဆုံးမှုထဲမှာ စခန်းမှူး ရဲအုပ် နေလင်းမြင့် ပါ သေဆုံးခဲ့တာဖြစ်ပြီး သူအပါအဝင် ရဲ ၄ ဦးသေဆုံးပြီး ရဲ မိသားစုဝင် ၁ ဦးသေဆုံးခဲ့တယ်လို့ စစ်ကိုင်းရဲအသိုင်းအဝိုင်းဘက်ကနဦးသတင်းရရှိခဲ့ပေမယ့် PDF ဘက်က ၇ ဦးသေဆုံးခဲ့ပြီး သေနတ် ၈ လက်သိမ်းဆည်းရမိခဲ့တယ်လို့ဖော်ပြလာတာဖြစ်ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာ PDFတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက် အကျအဆုံး မရှိခဲ့ဘဲ စခန်းကို မီးရှို့ဖျက် ဆီးပြီး အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပြီး တိုက်ပွဲအတွင်းအရပ်သူအမျိုးသမီးတဦးလည်းသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဓာတ်ပုံ – PDF-Kalewa
#AyeyarwaddyTimes