
ကသာမှာ ကမ်းပါးပြိုလို့ အစုလိုက်ရေနစ်သေဆုံးတဲ့စစ်ကောင်စီတပ်သားတွေကို မြုပ်နှံထားတဲ့နေရာမှာ ခြောက်လှန့်မှုများရှိဟုဆို
ကိုကိုလေး/ဧရာဝတီတ်ိုင်းမ်
စက်တင်ဘာလ ၁၇ ရက်
စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကသာခရိုင်၊ ကသာမြို့နယ်အတွင်း ကမ်းပါးပြိုကျရေနစ်သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများကို မြုပ်နှံထားသည့်နေရာတွင် ခြောက်လှန့်မှုများရှိနေကြောင်း ဒေသခံများ၏ပြောဆိုချက်များအရသိရသည်။
ကသာမြို့နယ်၊ မိုးတားတိုက်နယ်အတွင်း စစ်ကောင် စီတပ်နှင့်ဒေသကာကွယ်ရေးတပ်များအကြား စက်တင် ဘာလ ၁၂ ရက်နေ့ကစတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးခဲ့သဖြင့် မိုးတားတိုက်နယ်အတွင်းက ကျွန်းစိုက်ခင်းတခုအတွင်းတွင် စစ်ကောင်စီတပ်သားများက ကျင်းတူးကာ စုပေါင်းမြုပ်နှံခဲ့ကြောင်းသိရသည်။
အဆိုပါကျွန်းစိုက်ခင်းအတွင်း စစ်ကောင်စီတပ်သားများ၏အလောင်းကို မြုပ်နှံထားသည့်နေရာမှ ခြောက်လှန့်နေခြင်းဖြစ်ကြောင်း ဒေသခံတဦးကပြောသည်။
” အဲ့ဒီတိုက်ပွဲတွေထဲမှာသေတာရော၊ ကမ်းပါးပြိုပြီးရေ နစ်သေတဲ့စစ်သားတွေရောကို သူတို့(စစ်ကောင်စီတပ်) သေနေတဲ့နေရာ နားကကျွန်းစိုက်ခင်းကြီးထဲမှာ ကျင်းအကြီးကြီးတူးပြီး စုပြုံမြုပ်သွားတာ။အဲ့ဒီနားမှာ အိမ်တွေလည်းရှိတယ်၊ အဲ့ဒီနားကအိမ်တွေနားမှာတအားခြောက်တယ်၊ မြုပ်ထားတာ ၄ ရက်လောက်ရှိပြီ၊ မြုပ်ပြီးတဲ့ညထဲက ခြောက်တာ။
နောက်ရက်တွေအဲ့ဒီနားကအိမ်တွေက လူမနေရဲကြတော့ဘူး၊ပြောင်းပြေးကုန်တာ” ဟု မိုးတားဒေသခံတဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
မိုးတားတိုက်နယ်ဘက်ကို ကမ်းပါးအတိုင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို RPG လက် နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့် အရှိန်ကြောင့် ကမ်း ပါးပြိုကျကာ စစ်ကောင်စီတပ်သားများဧရာဝတီမြစ်အတွင်း အစုလိုက် ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ပြီး လက် နက်ကြီးကျည်ထိမှန်သေဆုံးသူများအပါအဝင်
စစ်ကောင်စီတပ်ဘက်မှထိခိုက်သေဆုံးများပြားခဲ့ကြောင်း မိုးတားPDF တပ်ဖွဲ့ဝင်တဦးကပြောသည်။
မိုးတာတိုက်နယ်အတွင်း စက်တင်ဘာလ ၁၂ ရက်မှ ၁၆ ရက်နေ့ထိ တိုက်ပွဲ ၅ ရက်တာဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ပျူစောထီးများမှာ၂၀ ဥ်ီးထက်မနည်း သေ ဆုံးခဲ့ကြောင်း မိုးတားတိုက်နယ် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ထံကသိရသည်။
ထိုတိုက်ပွဲကို ကသာမြို့နယ် မိုးတားတိုက်နယ် ဗိုလ်သာ လိကာ ဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#Ayeyarwaddy_Times