ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၁ ရက်

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုတွေဖြစ် ပွားခဲ့ပြီး လူ ၁၆ ဦး သေဆုံးခဲ့ပါတယ်။

လက်ရှိမှာ အာဏာပိုင်တွေအနေနဲ့ ပျောက်ဆုံးနေသူတွေကို ရှာဖွေရေးလုပ်ငန်းတွေ လုပ်ဆောင် နေပါတယ်။ ဒီမြေပြိုမှုတွေဟာ မုတ်သုံလေနဲ့ တိုင်ဖွန်းမုန်တိုင်း “ဘာဗီ” တို့ကြောင့် ဖြစ်ပွားခဲ့တာပါ။

သောကြာနေ့မနက်ပိုင်းက ဆာရန်ဂါနီပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် လူ ၁၀ ဦး သေ ဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒေသခံတာဝန်ရှိသူတွေရဲ့ လူမှုကွန်ရက်ပေါ်က ဓာတ်ပုံဖော်ပြချက်တွေအရ လမ်းပေါ်မှာ ရွှံ့နွံတွေ နဲ့ သစ်ပင်လဲတာတွေ ဖုံးလွှမ်းနေပြီး ကယ်ဆယ်ရေးလုပ်သားတွေက စက်ယန္တရားကြီးတွေနဲ့ ရှင်းလင်းနေ တာကို တွေ့ရပါတယ်။

လာနောင်းဒယ်ဆူးလ်ပြည်နယ်မှာလည်း လူ ၆ ဦး သေဆုံးပြီး ၅ ဦး ပျောက်ဆုံးနေတယ်လို့ အာ ဏာပိုင်တွေက ထပ်မံပြောကြားထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံရှိ ပြည်သူတွေအနေနဲ့ နောက်ထပ်ဖြစ်ပေါ်လာနိုင်တဲ့ မြေပြိုမှုနဲ့ ရေကြီးမှုအန္တရာယ် တွေကို သတိပြုနေထိုင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

ကိုးကား – NHK
Ref; Landslides caused by typhoon kill 16 in Mindanao, Philippines