ဧရာဝတီတိုင်းမ်
ဇွန် ၁၇ ရက်

တရုတ်နိုင်ငံသားတွေအနေနဲ့ ထောက်လှမ်းရေးသတင်းပေးပို့နိုင်ဖို့ ထိုင်ဝမ်အစိုးရက ဝဘ်ဆိုက်အ သစ်တစ်ခု ထူထောင်လိုက်တာဟာ ထိုင်ဝမ်က ထိပ်တိုက်တွေ့လိုတဲ့ စိတ်ဓာတ်ကို ဖော်ပြနေတာလို့ တ ရုတ်နိုင်ငံက ပြောကြားလိုက်ပြီး တုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကို မိမိတို့ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားတဲ့ တရုတ်နိုင်ငံနဲ့ ထိုင်ဝမ်တို့ဟာ အပြန်အလှန် ထောက်လှမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်လာခဲ့ကြတာ ကြာ ပြီဖြစ်သလို အထူးသဖြင့် ထိုင်ဝမ်ဘက်က တရုတ်ရဲ့ သူလျှိုလုပ်မှု ဖြစ်စဉ်တွေ ပိုမိုများပြားလာတယ်လို့ သ တင်းထုတ်ပြန်ထားတာတွေ ရှိပါတယ်။

ထိုင်ဝမ် အမျိုးသားလုံခြုံရေးဗျူရိုကတော့ ဒီဝက်ဘ်ဆိုက်အသစ်ကို ဇွန်လ ၁၄ ရက်နေ့ကမှ စတင် မိတ်ဆက်ခဲ့တာဖြစ်ပြီး တရုတ်ရဲ့စနစ်ကို ငြီးငွေ့ပြီး အပြောင်းအလဲကို လိုလားနေကြသူ ပိုမိုများပြားလာ တာကြောင့် သူတို့အတွက် စိတ်ချရတဲ့ လမ်းကြောင်းတစ်ခု ဖန်တီးပေးခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ပေကျင်းမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့် ရှိသူ ချန်ဘင်ဟွာက ထိုင်ဝမ်ဟာ ထောက်လှမ်းရေးသတင်း ခိုးယူမှုတွေ၊ အတင်းအဓမ္မ ထိုးဖောက်ဝင် ရောက်မှုတွေနဲ့ ဖျက်လိုဖျက်ဆီးလုပ်ငန်းတွေကို လုပ်ဆောင်နေပြီး နှစ်နိုင်ငံကြား ထိပ်တိုက်တွေ့ဆုံမှုတွေ ကို ပိုမိုပြင်းထန်လာအောင်နဲ့ နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားအောင် လုပ်နေတယ်လို့ ပြောပါတယ်။

“ဒါဟာ သူတို့ရဲ့ ထိုင်ဝမ်လွတ်လပ်ရေးလိုလားတဲ့ သဘောထား၊ ခေါင်းမာမှု၊ ထိပ်တိုက်တွေ့လိုတဲ့ စိတ်ဓာတ်နဲ့ လမ်းဟောင်းအတိုင်း ပြောင်းလဲဖို့ ငြင်းဆန်နေတာတွေကို အပြည့်အဝ ဖော်ပြနေတာပဲ ဖြစ်ပါ တယ်” လို့ သူက ဆက်ပြောပါတယ်။

တရုတ်နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေနဲ့ တခြားအစုအဖွဲ့တွေ အားလုံးမှာ နိုင်ငံ တော်လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်နဲ့ဝတ္တရား ရှိကြတယ်လို့ သူက ပြောပါတယ်။

“ထိုင်ဝမ်ရဲ့ ထောက်လှမ်းရေးအေဂျင်စီတွေကို သတင်းအချက်အလက် ပေးပို့ပြီး ပြစ်မှုမြောက် အောင် လုပ်ဆောင်သူတွေကိုတော့ သက်ဆိုင်ရာဌာနတွေက ဥပဒေနဲ့အညီ ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။

ထိုင်ဝမ်ကတော့ ထောက်လှမ်းရေးသတင်း စုဆောင်းတဲ့ အစီအစဉ်အသစ်ဟာ အမေရိကန်၊ ဗြိ တိန်နဲ့ အစ္စရေးလို နိုင်ငံတွေက အေဂျင်စီတွေရဲ့ လုပ်ဆောင်ချက်တွေကို နမူနာယူပြီး လုပ်တာဖြစ်တယ် လို့ ပြောပါတယ်။

တရုတ်နိုင်ငံကိုယ်တိုင်လည်း ဒီလို နည်းဗျူဟာမျိုးတွေကို အရင်က သုံးဖူးတာ ရှိပါတယ်။ ၂၀၂၄ ခု နှစ်မှာ ထိုင်ဝမ် ခွဲထွက်ရေးသမားတွေ ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး လူထုက သတင်းပေးပို့နိုင် မယ့် အီးမေးလ်လိပ်စာတစ်ခုကို တရုတ်နိုင်ငံက ကြေညာခဲ့ဖူးပါတယ်။

ကိုးကား – Reuters
Ref; China says it will take countermeasures to new Taiwan intelligence gathering site