
သမ္မတပူတင်ကို ရာထူးမှနှုတ်ထွက်ပေးဖို့ လွှတ်တော်အမတ် ၁၈ ဦး တောင်းဆို
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၃ ရက်
ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ရုရှားစစ်တပ်က အကြီးမားဆုံးရှုံးနိမ့်မှု ကြုံတွေ့ပြီးနောက် ရုရှားနိုင်ငံတွင်းမှာ သမ္မတ ဗလာဒီမာပူတင်ကို ရာထူးကနေနှုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေ ရှိလာပါတယ်။
သမ္မတ ပူတင်ရဲ့ လုပ်ဆောင်ချက်တွေက ရုရှားနိုင်ငံနဲ့ ပြည်သူတွေအနာဂတ်အတွက် အန္တရာယ်ရှိစေနိုင် တယ်လို့ သတိပေးထားတဲ့ ကြေညာချက်တစ်ရပ်ကို မော်စကိုနဲ့ စိန့်ပီတာစဘတ်ဂ်မြို့ရှိ လွှတ်တော်အမတ် ၁၈ ဦး က လက်မှတ်ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားနိုင်ငံကို သစ္စာခံသူ ချေချင်းညာခေါင်းဆောင် ရမ်ဇန်ကာဒိုင်ရော့ဗ်က ရုရှားစစ်တပ်ရဲ့ စွမ်းဆောင် ရည်ကို တယ်လီဂရမ်လူမှုကွန်ရက်မှာ ဝေဖန်လိုက်ပါတယ်။ “အပြောင်းအလဲမလုပ်ဖူးဆိုရင် မြေပြင်အခြေအနေကို ရှင်းပြဖို့ ရုရှားနိုင်ငံရဲ့ခေါင်းဆောင်ပိုင်းကို ကျွန်တော် ဖိအားပေးရပါမယ်” လို့ ၄င်းက ဆိုပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေရဲ့ တန်ပြန်ထိုးစစ်ဆင်မှုကြောင့် ၄၈ နာရီအတွင်း လန်ဒန်မြို့တော်အရွယ်အစားရှိ ခါကတ်ခ်ဒေသရှိ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ခဲ့ရာ ရုရှားတပ်ဖွဲ့တွေက စခန်းများကို စွန့်ခွာကာ စစ်သုံး ယာဉ် ၁၀၀ ကျော် စွ့န်ပစ်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေက သမ္မတပူတင်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို အရှေ့မြောက်ပိုင်းရှိ ရုရှားနိုင်ငံနဲ့ ထိစပ်နေတဲ့ နိုင်ငံတကာနယ်နိမိတ်အထိ ပြန်လည်မောင်းထုတ်နိုင်ခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲကိုဆန့်ကျင်တဲ့ ဒါဇင် နဲ့ချီတဲ့ သတင်းထောက်တွေ၊ ရှေ့နေတွေ၊ တက်ကြွလှုပ်ရှားသူတွေ မကြာသေးမီလများအတွင်း ဖမ်းဆီးခံခဲ့ရပါ တယ်။
“ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံရဲ့ သမ္မတရာထူးကနေ ဗလာဒီမာပူတင် နှုတ်ထွက်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်” လို့ စိန့်ပီတာစဘတ်ဂ်မြို့မှ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဆီနီယာတော်စထရမ်က ပြောပါ တယ်။
ယူကရိန်းတပ်ဖွဲ့တွေက စစ်ပွဲအတွင်း ဒါဇင်နဲ့ချီတဲ့ ရုရှားစစ်ဗိုလ်ချုပ်တွေကို သုတ်သင်နိုင်ခဲ့ပါတယ်။ ယူ ကရိန်းစစ်ပွဲ ခြောက်လတာကာလအတွင်း ရုရှားတပ်ဖွဲ့ဝင် ၄၈၀၀၀ ကျော် ကျဆုံးခဲ့တာကြောင့် ၁၉၈၀ ခုနှစ်များ က အာဖဂန်နစ္စတန်စစ်ပွဲအတွင်း ကျဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင် ၁၄၄၀၀ ထက် ပိုများနေတယ်လို့ သိရပါတယ်။
သမ္မတ ပူတင်ဟာ စစ်ပွဲလိုလားတဲ့ ဘလော့ဂါတွေ၊ သုံးသပ်ဝေဖန်သူတွေနဲ့ လွှတ်တော်အမတ်ဟောင်း ဘောရစ်နာဒီဇင်တို့ရဲ့ ဝေဖန်ရှုတ်ချမှုကိုလည်း ခံနေရပြီး ရုရှားတပ်ဖွဲ့တွေက ယူကရိန်းစစ်ပွဲမှာ အနိုင်မရနိုင်တာ ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးသင့်တယ်လို့ ပြောပါတယ်။
ကိုးကား – I News
Ref; Vladimir Putin is starting to face a backlash over Russia’s war in Ukraine after the Kharkiv defeat