ဧရာဝတီတိုင်းမ်
ဇွန်လ ၃၀ ရက်

ဂျပန်အဖျော်ယမကာလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Kirin Holdings က Myanmar Brewery က အစုရှယ်ယာ အားလုံးကို ဖက်စပ်ကုမ္ပဏီ မြန်မာ့စီးပွားရေးဦးပိုင်ကို ရောင်းချမယ်လို့ ယနေ့ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြော ပါတယ်။

အမေရိကန်နဲ့ အနောက်နိုင်ငံအစိုးရတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရင်ဆိုင်နေရတဲ့ မြန်မာ့စီးပွားရေးဦးပိုင် ထံ Kirin Holdings ရဲ့ အစုရှယ်ယာရောင်းချလိုက်မှုကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဝေဖန်လိုက်ပါ တယ်။

အဖျော်ယမကာဖက်စပ်လုပ်ငန်းကနေ အစုရှယ်ယာတွေ ပြန်ရုတ်သိမ်းမယ်လို့ Kirin Holdings က ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းယူပြီးတဲ့နောက် ကြေညာခဲ့ပေမယ့် ဒေသခံမိတ်ဖက်ကုမ္ပဏီနဲ့ သဘောတူညီမှုတစ် ခုရရှိဖို့ ပြဿနာတွေရှိနေတယ်လို့ ဆိုပါတယ်။

Kirin Holdings ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Kirin Holdings Singapore Pte က ထိန်းချုပ်ထားတဲ့ အစု ရှယ်ယာ ၅၁ ရာခိုင်နှုန်း လွှဲပြောင်းပေးမှုကြောင့် မြန်မာ့စီးပွားရေးဦးပိုင်က Myanmar Brewery ကို အပြည့်အဝ ထိန်းချုပ်နိုင်တော့မှာဖြစ်ပါတယ်။

နောက်ထပ် ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်တဲ့ Mandalay Brewery က အစုရှယ်ယာတွေကိုလည်း ထုတ်ယူ နေတယ်လို့ Kirin Holdings က ပြောပါတယ်။

အာဏာသိမ်းယူမှုကြောင့် ပြည်သူတွေရဲ့ အပြင်းအထန် ဆန့်ကျင်မှုကို ရင်ဆိုင်နေရတဲ့ စစ်ခေါင်းဆောင် တွေ ထိန်းချုပ်ထားတဲ့ လုပ်ငန်းတွေထံ အခွန်မပေးဆောင်စေဖို့ မြန်မာနိုင်ငံက ဖက်စပ်လုပ်ငန်းတွေ ထွက်ခွာကြဖို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြည်ပရင်းနှီးမြှပ်နှံသူတွေကို တောင်းဆိုနေပါတယ်။

တစ်ချိန်တည်းမှာဘဲ မြန်မာ့စီးပွားရေးဦးပိုင်လိုမျိုး နိုင်ငံပိုင်လုပ်ငန်းတွေထံ ဖက်စပ်လုပ်ငန်းတွေက အစု ရှယ်ယာတွေရောင်းချမှုကို ဝေဖန်တာတွေလည်း ရှိနေပါတယ်။

မြန်မာ့စီးပွားရေးဦးပိုင်ထံ Myanmar Brewery နဲ့ Mandalay Brewery ထိန်းချုပ်ခွင့်ပေးလိုက်တာဟာ မြန်မာစစ်တပ်ကို ပွပေါက်တိုးစေပြီး ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကျူးလွန်ဖို့ ဝင်ငွေရရှိစေမယ်လို့ Justice for Myanmar က မရတနာမောင်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာ့စီးပွားရေးဦးပိုင်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းလီမိ တက်တို့ကို ၂၀၂၁ ခုနှစ် မတ်လမှာ ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ခဲ့ပြီး မြန်မာစစ်တပ်က ဒီလုပ်ငန်းတွေကတစ် ဆင့် တိုင်းပြည်စီးပွားရေး ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။

ကိုးကား – AP
Ref; Japan’s Kirin to sell Myanmar Brewery to sanctioned partne