
ပုသိမ်မြို့က အမျိုးသမီးတစ်ဦးဆီမှာ ကိုဗစ်ပိုးတွေ့
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၃ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့က လယ်တီ ၄လမ်းမှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးထံကနေ ကိုဗစ်ပိုး တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပိုးတွေ့လူနာ အမျိုးသမီးမှာ နေမကောင်းတာကြောင့် ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသချိန်မှာ စစ်ဆေးရာမှာတော့ ပိုးတွေ့ရှိခဲ့တာလို့ သိရပါတယ်။
” သူက နေမကောင်းလို့ ပုသိမ်ဆေးရုံကြီးကို ပရဟိတကားနဲ့ ပို့တာ။ ဟိုရောက်တော့ CovidTestစစ်လိုက်တာ။ ပိုးတွေ့တယ်လို့သိရတယ်။ ခုတော့ သူ့အိမ်ကို PPE၀တ်စုံတွေနဲ့ပိုးသတ်ဆေးတွေလာဖြန်းနေတယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အဆိုပါကိုဗစ်ပိုးတွေ့အမျိုးသမီး ဆေးရုံကိုလိုက်ပါပို့ဆောင်တဲ့ ပရဟိတလူနာတင်ကားမောင်းသူ အမျိုးသား၃ဦးမှာ PPE၀တ်စုံ မ၀တ်မိတဲ့အတွက် CovidTestစစ်ဆေးခံခဲ့ရပြီး Negativeအဖြေထွက်တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းမှာ စက်တင်ဘာလဆန်းပိုင်းစတင်ကာ ရောဂါကူးစက်ခံရတာတွေ ပြန်လည်များပြား လာတာကာ အများဆုံးကတော့ ဟင်္သာတခရိုင်မှာ ၃၇ ဦးနဲ့ ပုသိမ်ခရိုင်မှာ ၃ ဦးတွေ့ရှိထားတာဖြစ်ပြီး သေဆုံးသူတော့ မရှိသေးဘူးစစ်ကောင်စီလက်အောက်ခံကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
#ပုသိမ် #ကိုဗစ် #အမျိုးသမီး
#Ayeyarwaddy_Times