ဧရာဝတီတိုင်းမ်
မေ ၂၉ ရက်

 

ဆွီဒင်နိုင်ငံဟာ Gripen ဂျက်တိုက်လေယာဉ်တွေကို လာမယ့် ၂၀၃၀ ပြည့်နှစ်မတိုင်ခင် ယူကရိန်း နိုင်ငံသို့ စတင်ပေးပို့သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

 

ယူကရိန်းသမ္မတ ဇီလန်စကီးက ဒီတိုက်လေယာဉ်တွေဟာ ယူကရိန်းရဲ့ ဝေဟင်ကာကွယ်ရေးစ နစ်ကို ပိုမိုအားကောင်းလာစေမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

 

ဆွီဒင်ဝန်ကြီးချုပ် ခရစ္စတာဆင်နဲ့ ဇီလန်စကီးတို့ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ က ဆွီဒင်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အဲဒီနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ကြတာပါ။

ခရစ္စတာဆင်ရဲ့ ပြောကြားချက်အရ Gripen တိုက်လေယာဉ်အသစ် ၂၀ စီးကို ၂၀၃၀ ပြည့်နှစ်မ တိုင်ခင်မှာ စတင်လွှဲပြောင်းပေးသွားဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။

 

ယူကရိန်းအနေနဲ့ Gripen တိုက်လေယာဉ် ၁၅၀ စင်းအထိ ဝယ်ယူဖို့အတွက် နှစ်နိုင်ငံခေါင်းဆောင် တွေဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ အကြိုသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

 

လက်ရှိ ဆွီဒင်စစ်တပ်က သုံးနေတဲ့ Gripen တိုက်လေယာဉ်အမျိုးအစားထဲက ၁၆ စင်းအထိကို လည်း ယူကရိန်းကို လှူဒါန်းသွားမှာဖြစ်ပြီး ဒီအစီအစဉ်ကို အစောဆုံး လာမယ့်နှစ်ကစလို့ စတင်နိုင်တယ် လို့ ခရစ္စတာဆင်က ဆိုပါတယ်။

 

ခရစ္စတာဆင်က ဒီဆုံးဖြတ်ချက်ဟာ ဆွီဒင်နိုင်ငံအတွက် သမိုင်းဝင်ခြေလှမ်းတစ်ခုဖြစ်ပြီး ယူက ရိန်းရဲ့ ဝေဟင်ကာကွယ်ရေးစနစ်ကိုလည်း သိသိသာသာ အားကောင်းလာစေယ်လို့ ပြောပါတယ်။

 

ယူကရိန်းနိုင်ငံဟာ ရုရှားရဲ့ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ဆက်တိုက်တိုက်ခိုက်နေမှုတွေကို ခုခံကာ ကွယ်ဖို့အတွက် ဝေဟင်ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့ အပတ်တကုတ် ကြိုးစားနေရတာပါ။

 

ဇီလန်စကီးက ဆွီဒင်ရဲ့ တိုက်လေယာဉ်တွေဟာ ယူကရိန်းလေတပ်နဲ့ ဝေဟင်ကာကွယ်ရေးကို သေချာပေါက် အားဖြည့်ပေးနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ကိုးကား – NHK
Ref; Sweden to deliver Gripen fighter jets to Ukraine