ဘိုကလေးမြို့နယ်တွင် ကျေးရွာတွေရှိပြည်သူတွေကို ကင်းမစောင့်ရင် ငွေ ၃၀၀၀ ကောက်ခံနေ
ညိမ်းသော်/ဧရာဝတီတိုင်းမ်
(ဘိုကလေး)၊ စက်တင်ဘာလ ၁၀ ရက်
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ကင်းမစောင့်တဲ့ ကျေးရွာတွေက ပြည်သူတွေကို ငွေ ၃၀၀၀ ကျပ်ကောက်ခံတာတွေ့ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မလော့ကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ၁၀ ရွာရှိပြီး အဲ့ဒီအထဲက ကျေးရွာ ၂ ရွာကိုသာကင်းစောင့်ခိုင်းသလို မစောင့်နိုင်တဲ့နေအိမ်တွေကို ငွေ ၃၀၀၀ ကောက်ခံနေတာလို့ ဒေသခံတွေက ပြောပါတယ်။
“ တမြို့လုံး ဘယ်နေရာမှကင်းမစောင့်ရဘူး ဘာအသံမှလည်းမကြားရဘူး ကျွန်မတို့နေတဲ့ မလော့ကျောင်းစုရွာ နဲ့ ဘေးနားက အလယ်စုရွာမှာပဲ ကင်းရွေးပြီးစောင့်ခိုင်းတာ မစောင့်နိုင်ရင် ငွေ ၃၀၀၀ ပေးရမယ်ဆိုတာက ရာအိမ်မှူးက တောင်းတာ”လို့ ဒေသခံအမျိုးသမီးတဦးက ဧရာဝတီတိုင်မ်းကို ပြောပါတယ်။
ပေချောင်းကျေးရွာ ရာအိမ်မှူး ဦးကြည်လွင်က သူနေထိုင်တဲ့ရွာနဲ့ အခြား ၇ ရွာကိုတော့ ကင်းစောင့်ခိုင်းတာမျိုး မရှိဘဲ ကင်းစောင့်ခိုင်းတဲ့ကျေးရွာတွေက ကင်းမစောင့်နိုင်တဲ့ ဒေသခံပြည်သူတွေကို ငွေ ၃၀၀၀ ထောင် တောင်းတာတွေပြုလုပ်နေတာလို့ ဆိုပါတယ်။
ရာအိမ်မှူး ဦးကြည်လွင်က ကင်းမစောင့်ရင် ဒဏ်ငွေ ၃၀၀၀ ကောက်ခံနေတာကြောင့် ကျေးရွာတွေက သက်ကြီးရွယ်အိုတွေကအစ ညဘက် ကင်းစောင့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မလော့ကျေးရွာနဲ့ အလယ်စုကျေးရွာတွေမှာ ည ၁၀ နာရီကနေ မနက် ၆ နာရီအထိ ရွာ အဝင် အထွက်တံခါး တွေကို ဝါးတံခါးတွေပြုလုပ်ကာပိတ်ထားပြီး တံခါးတိုင်းမှာ လူ ၃ ဦးစီကင်းစောင့်နေရတာလို့ ဆိုပါတယ်။