
မြောက်ကိုရီးယားက ရုရှားကို စစ်လက်နက်တွေ ထောက်ပံ့နေတယ်လို့ အမေရိကန် ပြော
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၈ ရက်
အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်အရေးယူမှုတွေကြောင့် စစ်တပ်ကို စစ်လက်နက်ထောက်ပံ့ဖို့ အခက်အခဲရှိ နေတဲ့ ရုရှားနိုင်ငံက မြောက်ကိုရီးယားထံမှ လက်နက်တွေ ဝယ်ယူနေရတယ်လို့ အမေရိကန်နိုင်ငံက ပြောပါတယ်။
ရုရှားနိုင်ငံက ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့ မြောက်ကိုရီးယားထံမှ သန်းနဲ့ချီတဲ့ ဒုံးကျည်တွေ၊ အမြောက် ကျည်တွေဝယ်ယူဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ယူကရိန်းစစ်ပွဲ ကြာရှည်လာနိုင်တာကြောင့် ရုရှားနိုင်ငံက မြောက်ကိုရီးယားမှ စစ်လက်နက်တွေ ပိုမို ဝယ်ယူနိုင်တယ်လို့ ၄င်းတို့က ပြောပါတယ်။
မြောက်ကိုရီးယားမှ စစ်လက်နက်တွေ ဝယ်ယူတာဟာ ရုရှားစစ်တပ်ရဲ့ စစ်လက်နက်ပစ္စည်းတွေ ပြတ် တောက်နေတဲ့ လက္ခဏာတစ်ခုဖြစ်တယ်လို့ ၄င်းတို့က ဆိုပါတယ်။
မြောက်ကိုရီးယားအစိုးရက ယူကရိန်းပဋိပက္ခအတွက် အမေရိကန်အစိုးရကို ပြစ်တင်ခဲ့ပြီး ဗိုလ်ကျလို သောမူဝါဒ ဖော်ဆောင်နေတယ်လို့ စွပ်စွဲကာ ရုရှားနိုင်ငံရဲ့ အင်အားအသုံးပြုမှုကို ထောက်ခံလိုက်ပါတယ်။
မြောက်ကိုရီးယားက ပြီးခဲ့တဲ့လအတွင်း ယူကရိန်းအရှေ့ပိုင်းက ဒွန်းနက်နဲ့လူဟန့်ပြည်နယ်တွေရဲ့ လွတ် လပ်ရေးကြေညာမှုကို အသိအမှတ်ပြုခဲ့ပြီး ရုရှားနိုင်ငံနဲ့ ဆက်ဆံရေး တိုးမြှင့်မယ်လို့ ဆိုပါတယ်။
နှစ်နိုင်ငံစလုံးက ဘက်စုံပါဝင်သော၊ အပြုသဘောဆောင်သော ဆက်ဆံရေးကို တိုးမြှင့်သွားမယ်လို့ ရုရှား သမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပါတယ်။
ကိုးကား – BBC
Ref; North Korea supplying Russia with weapons, says US