ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၆ ရက်
တော်လှန်ရေးတပ်ဖွဲ့ပေါင်း ၁၉ ဖွဲ့စုပေါင်းပြီး နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance – SRA) ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့ ၇ ဖွဲ့သည် မေလမှစတင်ကာ တပ်ပေါင်းစုဖြစ်ပေါ်ရေးအတွက် စတင်ညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး နိုဝင်ဘာလ ပထမပတ်တွင် တပ်ဖွဲ့ပေါင်း ၁၄ ဖွဲ့ဖြင့် ကနဦးတွေ့ဆုံ ဆွေးနွေးပွဲကို ကျင်းပနိုင်ခဲ့ကြောင်း မဟာမိတ်တပ်ပေါင်းစုမှ ထုတ်ပြန်ထားသည်။

တော်လှန်ရေးမဟာမိတ် အဖွဲ့ဝင်များအနေဖြင့် ဘုံရန် သူချေမှုန်းရေး၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးအတွက် အတူတကွ တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး စစ်ကောင်စီ ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများကြောင့် ကြုံတွေ့နေရသည့် အထွေထွေ အကျပ်အတည်းမှ ပြည်သူလူထု လွတ်မြောက်ရေးကိုလည်း လူထုကယ်တင်ရေးအဖြစ် ဦးစားပေး ဆောင်ရွက်သွားမည်ဟုဆိုသည်။
ကွပ်ကဲမှုအားကောင်းရေးအတွက် တော်လှန်ရေး၏ လွှမ်းခြုံကွပ်ကဲမှုနှင့် ချိတ်ဆက်မှု အားနည်းချက် များကို ပြင်ဆင်ပြီး ရှင်းလင်းထိရောက်သည့် ကွပ်ကဲမှုယန္တရား (Chain of Command) တစ်ရပ် ပေါ်ပေါက်လာစေဖို့နှင့် နိုင်ငံရေး၊ စစ်ရေးဦးတည်ချက်များကို စုစည်းညီညွတ်မှုအင်အားဖြင့် အကောင် အထည်ဖော်သွားမည်ဟု SRA ကထုတ်ပြန်သည်။

ထို့အပြင် SRA အနေဖြင့် တပ်ပေါင်းစုအတွင်း မပါဝင်နိုင်သေးသည့် အခြားသော နွေဦးတော်လှန်ရေး အင်အားစုများကိုလည်း ချမှတ်ထားသည့် မူဝါဒများနှင့်အညီ ဆက်လက်ဖိတ်ခေါ်သွားမည်ဖြစ်ပြီး တပ်ပေါင်းစုအနေဖြင့် ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ပေါ် လာစေရန် အစွမ်းကုန် ကြိုးပမ်းသွားမည် ဖြစ် ကြောင်း မဟာမိတ်တပ်ပေါင်းစုကဆိုသည်။
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance – SRA) ကို ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(BPLA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ချင်းညီနောင် (CB)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MAGWAY PDF)၊ စစ်ကိုင်းပြည်သူ့ ကာကွယ်ရေး တပ်မတော် (SAGAIN PDF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော်(DPLF) စသည့် တပ်ဖွဲ့များအပါအဝင် တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့နှင့် ပူးပေါင်းဖွဲ့စည်းထား ခြင်းဖြစ်သည်။