ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၆ ရက်

စစ်ပွဲ အဆုံးသတ်ဖို့နဲ့ အမေရိကန်၊ ဥရောပရဲ့ လုံခြုံရေးအာမခံချက်တွေရရှိဖို့ ယူကရိန်းနိုင်ငံဟာ ယာယီအနေနဲ့ နေတိုးအဖွဲ့သို့ ဝင်ရောက်ခွင့်ရရေးအိပ်မက်တွေကို စွန့်လွှတ်မယ်လို့ သမ္မတ ဇီလန်စကီးက ပြောပါတယ်။

တိုက်ခိုက်ခံရပါက အဖွဲ့ဝင်နိုင်ငံတွေကို အပြန်အလှန် ကာကွယ်ပေးရမယ့် နေတိုးအဖွဲ့ရဲ့ Article 5 ပါ အချက်နဲ့တူတဲ့ လုံခြုံရေးအာမခံချက်ရဖို့ ကြိုးစားနေဆဲလို့ ရုရှားရဲ့ကန့်ကွက်မှုကြောင့် နေတိုးအဖွဲ့သို့ ဝင်ရောက်ခွင့်မဖြစ်နိုင်ဘူးလို့ ပြောခဲ့တဲ့ ဇီလန်စကီးက ဆိုပါတယ်။

ဂျာမနီဝန်ကြီးချုပ် ဖရက်ဒရစ်မာ့ဇ်က ဇီလန်စကီး၊ အမေရိကန် အထူးကိုယ်စားလှယ် စတိဗ်ဝှစ် ကော့ဖ်နဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့သားမက် ဂျာရက်ကက်ရှ်နာတို့ကို ဆွေးနွေးမှုတွေပြုလုပ်ဖို့ စီစဉ်ပေး မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်က ပေးပို့ခဲ့သော ပြန်ဆင်ထားတဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်တွေကို အမေရိကန်အ စိုးရထံမှ တုံ့ပြန်ချက် မရသေးဘူးလို့ ဇီလန်စကီးက ထပ်ပြောပါတယ်။

အမေရိကန်နိုင်ငံက ယူကရိန်း သို့မဟုတ် ဥရောပတိုက်ရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက် ချမှတ်ပါက ရုရှားက ပြတ်သားစွာ ပယ်ချလိမ့်မယ်လို့ သမ္မတ ဗလာဒီမာပူတင်ရဲ့ နိုင်ငံခြားရေးမူဝါဒ အကြံပေး ယူရီအူ ရှာကော့ဗ်က တနင်္ဂနွေနေ့က နိုင်ငံပိုင်ရုပ်သံဌာနမှာ ပြောကြားခဲ့ပါတယ်။

ယူကရိန်းအရှေ့ပိုင်းမှာ စစ်မဲ့ဇုန်တစ်ခု ထူထောင်ပြီး ယူကရိန်းတပ်ဖွဲ့တွေ ကြားခံဇုန်မှ ဆုတ်ခွာရ မယ့် အမေရိကန်အစိုးရရဲ့ အဆိုပြုချက်ကို ယူကရိန်းနဲ့ရုရှားက ပယ်ချခဲ့ပါတယ်။

ရုရှားတပ်ဖွဲ့တွေကို ဆုတ်ခွာဖို့ မသတ်မှတ်ထားတဲ့ အဆိုပြုချက်ဟာ မျှတတယ်လို့ မထင်ကြောင်း ဇီလန်စကီးက ပြောပါတယ်။

ကိုးကား – UPI
Ref; Ukraine may give up NATO dreams for end of war, Zelensky says