ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၂ ရက်

လူနာတွေ၊ လူနာစောင့်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် အရပ်သား ၃၀ ကျော် သေ ဆုံးပြီး ၇၀ ကျော် ဒဏ်ရာရရှိတဲ့ မြန်မာစစ်အုပ်စုရဲ့ ရခိုင်ပြည်နယ်၊ မြောက်ဉီးဆေးရုံကို လေကြောင်း တိုက်ခိုက်မှုအား ကုလသမဂ္ဂက ကြာသပတေးနေ့မှာ ရှုတ်ချလိုက်ပါတယ်။

“မနေ့က ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု သတင်းတွေက ကုလသမဂ္ဂကို အလွန်အ မင်း တုန်လှုပ်စေပါတယ်” လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟတ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ယခုဖြစ်စဉ်ဟာ မြန်မာနိုင်ငံမှာ ယခုနှစ်အတွင်း စစ်အုပ်စုရဲ့ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ တွေအပေါ် ၆၇ ကြိမ်မြောက် တိုက်ခိုက်မှုဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

အရပ်သားတွေနဲ့ အရပ်ဘက်အဆောက်အအုံတွေအပေါ် ယခုလို တိုက်ခိုက်မှုကို ကုလသမဂ္ဂက ရှုတ်ချကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေအရ တာဝန်ဝတ္တရားတွေကို လိုက်နာဖို့ အဖွဲ့ အစည်းအားလုံးကို တိုက်တွန်းကြောင်း ၎င်းက ဆက်ပြောပါတယ်။

၂၀၂၆ ခုနှစ် လူသားချင်းစာနာမှု လိုအပ်ချက်နှင့် တုံ့ပြန်မှုအစီအစဉ်အရ ကလေးငယ် ၅ သန်း အ ပါအဝင် ပြည်သူ ၁၆ ဒသမ ၂ သန်းအတွက် ဒေါ်လာ သန်း ၈၉၀ လိုအပ်မယ်လို့ သူက ထောက်ပြပါတယ်။

ပဋိပက္ခတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ခန့်မှန်းချေ ပြည်သူ ၃ ဒသမ ၆ သန်း နေရပ်စွန့် ခွာခဲ့ရပြီး အများအပြားဟာ အကြိမ်ကြိမ် ထွက်ပြေးရတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

မြောက်ဉီးဆေးရုံကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်တယ်ဆိုတာကို မြန်မာစစ်အုပ်စု အာ ဏာပိုင်တွေက မဝန်ခံခဲ့ပါဘူး။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်လို့ဆိုကာ မြန်မာစစ်တပ်က အာဏာသိမ်းခဲ့ ပြီး အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းတာကြောင့် လူထုဆန္ဒပြပွဲတွေ ဖြစ် ပေါ် ခဲ့ပါတယ်။

စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူ ၆၀၀၀ ကျော် သေဆုံး ကာ ၃ သန်းနီးပါး အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။

ကိုးကား – Anadolu
Ref; UN condemns airstrike on Myanmar hospital, warns of ‘soaring’ humanitarian needs