ဘုံသဘောတူညီချက် ဖော်ဆောင်ရေး အာဏာသိမ်းစစ်ကောင်စီကို တွန်းအားပေးဖို့ အာဆီယံကို မလေးရှား တိုက်တွန်း

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၆ ရက်

စစ်တပ်က အာဏာသိမ်းပြီး အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရာမှာ အရေးတကြီး လုပ်ဆောင်ကြဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက အာဆီယံအဖွဲ့ကို တောင်းဆိုလိုက်ပါတယ်။

အာဆီယံအဖွဲ့က ပြီးခဲ့တဲ့နှစ်က သဘောတူခဲ့တဲ့ ငြိမ်းချမ်းရေး ဘုံသဘောတူညီချက်တစ်ရက်ကို လိုက်နာ ဖို့ မြန်မာစစ်ကောင်စီကို တွန်းအားပေးနေပြီး အဖွဲ့ဝင်နိုင်ငံအချို့က ငြိမ်းချမ်းရေးအစီအစဉ် တိုးတက်မှုမရှိတာကို စိတ်ပျက်တယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေကို အာဆီယံ အတွင်းရေးမှူးချုပ်ထံ စာရေး၍ မေးမြန်းခဲ့ပြီး ပြီးခဲ့တဲ့လက ကမ္ဘော ဒီးယားနိုင်ငံမှာပြုလုပ်တဲ့ အစည်းအဝေးနောက်ပိုင်း အာဆီယံခေါင်းဆောင်ပိုင်းထံမှ မည်သည့်သတင်းမျှ မရရှိခဲ့ဖူးလို့ ဆိုင်ဖူဒင်က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ အမှန်တစ်ကယ် ဘာတွေဖြစ်နေတယ်ဆိုတာ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက အရေး တကြီး စုံစမ်းဖိုအသိရှိရမှာဖြစ်ပါတယ်။ အာဆီယံအဖွဲ့က နိုဝင်ဘာလမှာပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲအထိ မ စောင့်ဆိုင်းနိုင်တော့ပါဘူး” လို့ သူက ဆိုပါတယ်။

အာဆီယံအတွင်းရေးမှူးချုပ်ရုံးက မြန်မာ့အရေးနဲ့ပတ်သက်လို့ အချိန်ပြည့် လုပ်ကိုင်တဲ့အဖွဲ့ ရှိရမှာဖြစ် ပြီး အစည်းအဝေးတွေပြုလုပ်နေစဉ်မှာဘဲ မြန်မာပြည်သူတွေ သတ်ဖြတ်ခံနေရပါတယ်လို့ သူက ပြောပါတယ်။

လူသားချင်းစာနာမှု အကူအညီပေးအပ်ရာမှာ စစ်ကောင် စီနဲ့ ဆက်လက် လက်တွဲဆောင်ရွက်ခြင်း ရှိ၊မရှိ ကို အာဆီယံနိုင်ငံတွေက ဆုံးဖြတ်ကြဖို့ ဆိုင်ဖူဒင်က တောင်းဆိုလိုက်ပြီး မြန်မာနိုင်ငံရှိ အကူအညီပေးရေးအဖွဲ့ အများစုက စစ်ကောင်စီ သို့မဟုတ် စစ်ကောင်စီနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေနဲ့ လက်တွဲလိုတဲ့ဆန္ဒမရှိဘူးလို့ ပြောပါတယ်။

“ဘယ်ဘက်ကရပ်တည်မလဲဆိုတာ အာဆီယံအဖွဲ့က ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ ဆက် လက် လက်တွဲမလား။ အာဆီယံက စစ်ကောင်စီမပါဘဲ လုပ်ဆောင်ပြီး လုပ်ရပ်ကောင်းတွေဆောင်ရွက်နေသူတွေ ကို ပံ့ပိုးကူညီမလား။ ဒါဟာ ကြီးမားတဲ့မေးခွန်းတွေဖြစ်ပြီး ကျွန်တော်တို့ အရေးတကြီး ဆုံးဖြတ်ရမှာဖြစ်ပါတယ်” လို့ ဆိုင်ဖူဒင်က ပြောပါတယ်။

ကိုးကား – Reuters

Ref; Malaysia urges ASEAN to “buck up” in enforcing Myanmar peace plan