ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၅ ရက်
ဆော်ဒီအာရေးဘီးယားနိုင်ငံသို့ လော့ဟိမာတင်ကုမ္ပဏီထုတ် F-35 ကိုယ်ပျောက် ဂျက်တိုက်လေ ယာဉ်တွေ ရောင်းချမယ့် စာချုပ်တစ်ရပ်ကို သဘောတူညီဖို့ စဉ်းစားနေတယ်လို့ အမေရိကန်သမ္မတ ဒေါ် နယ်ထရမ့်က ပြောပါတယ်။
“ဆော်ဒီအာရေးဘီးယားနိုင်ငံက ဂျက်တိုက်လေယာဉ် အများအပြား ဝယ်ယူလိုပါတယ်” လို့ ဒေါ် နယ်ထရမ့်က Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောပါတယ်။
“ဆော်ဒီအာရေးဘီးယားနိုင်ငံကို F-35 ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်တွေ ရောင်းချဖို့ ကျွန် တော် စဉ်းစားနေပါတယ်။ ဆော်ဒီအာရေးဘီးယားနိုင်ငံက ဂျက်တိုက်လေယာဉ် အများအပြား ဝယ်ယူလို ပါတယ်” လို့ သူက ဆိုပါတယ်။
လာမယ့်အပတ်မှာ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်မှာ ဆော်ဒီ အိမ်ရှေ့စံမင်းသား မိုဟာမက် ဆော်လ်မန်ကို လက်ခံတွေ့ဆုံကာ စီးပွားရေးနဲ့ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေ လက်မှတ် ရေးထိုးဖို့ စီစဉ်နေချိန်မှာ သူက အခုလို မှတ်ချက်ပြုတာပါ။
အစ္စရေးနဲ့ မူဆလင်တိုင်းပြည်တွေကြား ဆက်ဆံရေး ပုံမှန်ဖြစ်စေမယ့် အေဘရာဟမ်စာချုပ်မှာ ဆော်ဒီအာရေးဘီးယားနိုင်ငံက မကြာမီ ပူးပေါင်းဖို့ မျှော်လင့်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
အဆိုပါအစီအစဉ်ဟာ ပါလက်စတိုင်းနိုင်ငံတော် လမ်းညွှန်မြေပုံအတွက် သဘောတူညီမှုကို ပျက် ကွက်စေတယ်လို့ဆိုကာ ဆော်ဒီအာရေးဘီးယားနိုင်ငံက ပယ်ချခဲ့ပါတယ်။
ဆော်ဒီအာရေးဘီးယားသို့ F-35 ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်တွေ ရောင်းချနိုင်တာကို စိုးရိမ် မိကြောင်း ပင်တဂွန် ထောက်လှမ်းရေး အစီရင်ခံစာတစ်စောင်က ဖော်ပြခဲ့ပါတယ်။
ဆော်ဒီအာရေးဘီးယားသို့ F-35 ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်တွေ ရောင်းချမယ့်အစီအစဉ် ရှေ့ဆက်ပါက တရုတ်နိုင်ငံက အဆိုပါလေယာဉ်နည်းပညာ ရရှိသွားနိုင်တယ်လို့ နယူးယောက်တိုင်းမ်သ တင်းစာက ဖော်ပြပါတယ်။
ကိုးကား – Reuters
Ref; Trump says he is considering F-35 fighter jet deal with Saudis