
ဧရာဝတီတိုင်း နယ်/လုံဝန်ကြီး တာဝန်မှအနားပေးခံရပြီး အရန်အင်အားပို့ခံရ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၅ ရက်
အာဏာသိမ်းစစ်ကောင်စီက ဧရာဝတီတိုင်းဒေသကြီး စစ်ကောင်စီလက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကို စက်တင်ဘာလ ၁ ရက်နေ့မှာ တာဝန်ကနေအနားပေးလိုက်တယ်လို့ သိရပါတယ်။
NLD ပါတီရဲ့ အရပ်သားအစိုးရလက်ထက်ကတည်းက တာဝန်ယူလာတဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ကြည်း ၂၅၁၃၀ ဗိုလ်မှူးကြီး ကျော်စွာလှိုင် အစား ကြည်း ၂၉၀၈၆ ဗိုလ်မှူးကြီးမိုးမင်းနိုင်ကို အစားထိုးခန့်အပ်လိုက်တာဖြစ်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးဆီက သိရပါတယ်။
” နယ်လုံဝန်ကြီးကို ချိန်းလိုက်တာက ၁ ရက်နေ့ကလို့ သိရတယ်။ အရင် ဗိုလ်မှူးကြီး ကျော်စွာလှိုင်က အရန်ကိုပြောင်းမိန့်ကျတယ်။ သူ့အစား ဗိုလ်မှူးကြီးမိုးမင်းနိုင်ကို အစားထိုးခန့်အပ်လိုက်တာလို့ သိရတယ်” လို့ ဧရာဝတီတိုင်း စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးဆီက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဗိုလ်မှူးကြီးမိုးမင်းနိုင် အနေနဲ့ တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊တိုင်းဒေသကြီးအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးအကျဉ်းဦးစီးဌာန၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတို့ကို တာဝန်ယူစီမံအုပ်ချုပ်သွားရမှာဖြစ်တယ်လို့ စစ်ကောင်စီနဲ့
နီးစပ်သူတစ်ဦးဆီက သိရပါတယ်။
#ဧရာဝတီ #စစ်ကောင်စီ #လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး #ပြောင်းလဲခန့်အပ်
#Ayeyarwaddy_Times