
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၀ ရက်
အစ္စရေးနိုင်ငံနဲ့ ဟားမာစ်အဖွဲ့က ဂါဇာ ငြိမ်းချမ်းရေးစီမံချက် ပထမအဆင့်ကို သဘောတူလိုက်ပြီ လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါတယ်။
“သဘောတူညီချက်အရ ဓားစာခံအားလုံး မကြာမီ လွတ်မြောက်မှာဖြစ်ပြီး ငြိမ်းချမ်းရေး ပထမအ ဆင့်အနေနဲ့ အစ္စရေးက သူ့ရဲ့တပ်ဖွဲ့တွေကို ဆုတ်ခွာမျဉ်းအထိ တပ်ဆုတ်ပါလိမ့်မယ်” လို့ ဒေါ်နယ်ထရမ့် က လူမှုကွန်ရက် Truth မှာ ရေးသားခဲ့ပါတယ်။
နှစ်နှစ်ကြာ စစ်ပွဲအဆုံးသတ်ဖို့ ရည်ရွယ်ကာ အီဂျစ်၊ ကာတာ၊ တူရကီနဲ့ အမေရိကန်နိုင်ငံရဲ့ ဖျန် ဖြေမှုနဲ့ အီဂျစ်နိုင်ငံမှာ သုံးရက်ကြာ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် အခုလို ကြေညာတာပါ။ သဘောတူ ညီချက်တစ်ရပ် ရရှိခဲ့ပြီလို့ အစ္စရေးနဲ့ ဟားမာစ်အဖွဲ့က အတည်ပြုခဲ့ပါတယ်။
သဘောတူညီမှုရရှိတာ ကြီးကျယ်သော နေ့တစ်နေ့ဖြစ်ပြီး သဘောတူညီချက်ကို အတည်ပြုဖို့နဲ့ ဓားစာခံတွေအားလုံး အိမ်ပြန်ခေါ်ဖို့ အောက်တိုဘာလ ၁၀ ရက်မှာ အစိုးရအဖွဲ့ အစည်းအဝေးကျင်းပမယ် လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။
သဘောတူညီချက်မှာ ဂါဇာဒေသမှ အစ္စရေးတပ်ဖွဲ့တွေ ဆုတ်ခွာဖို့နဲ့ အကျဉ်းသားတွေလဲလှယ်ဖို့ ပါဝင်ကြောင်း ဟားမာစ်အဖွဲ့က အတည်ပြုခဲ့ပါတယ်။
ဓားစာခံတွေကို တနင်္လာနေ့မှာ လွှတ်ပေးမယ်လို့ ခန့်မှန်းရကြောင်း အိမ်ဖြူတော် အကြီးတန်း အ ရာရှိတစ်ဉီးက သတင်းဌာနတွေကို ပြောကြားခဲ့ပါတယ်။
သဘောတူညီချက် အသေးစိတ်ကို နောက်ပိုင်းမှာ ကြေညာမှာဖြစ်ကြောင်း၊ သဘောတူညီချက်အ ရ စစ်ပွဲ အဆုံးသတ်ကာ အစ္စရေးနဲ့ ပါလက်စတိုင်းဓားစာခံတွေ လွတ်မြောက်ပြီး အကူအညီတွေ ဝင်ခွင့်ပြု မယ်လို့ ကာတာ နိုင်ငံခြားရေးဝန်ကြီး မာဂျစ်အဘ်လ်အန်ဆာရီက ပြောပါတယ်။
ဂါဇာဒေသမှာ ငတ်မွတ်ခေါင်းပါးမှု ဖြစ်နေတယ်ဆိုတာကို နေတန်ယာဟုက အကြိမ်ကြိမ် ငြင်း ဆန်ခဲ့ပြီး အစ္စရေးနိုင်ငံက စားနပ်ရိက္ခာနဲ့ အခြားအကူအညီတွေ ပေးအပ်ခွင့်ပြုနေတယ်လို့ ပြောပါတယ်။
ကိုးကား – BBC
Ref; Trump says Israel and Hamas ‘sign off’ on first phase of Gaza peace plan