ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၅ ရက်

ယူကရိန်းက ရုရှားကို ဒရုန်း ၃၆၁ စင်းနဲ့ တိုက်ခိုက်ခဲ့ရာ ရုရှားနိုင်ငံအနောက်မြောက်ပိုင်းရှိ ရေနံ ချက်စက်ရုံတစ်ခု မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ရုရှား တာဝန်ရှိသူတွေက ပြောပါတယ်။

ပဲ့ထိန်းဗုံးလေးလုံးနဲ့ အမေရိကန်လုပ် HIMARS ဒုံးကျည်တစ်စင်း အပါအဝင် ဒရုန်း ၃၆၁ စင်းကို ရုရှား လေကြောင်းရန် ကာကွယ်ရေးစနစ်က ပစ်ချခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါ တယ်။

ရုရှားရှိ ထိပ်တန်းရေနံချက်စက်ရုံတစ်ခုဖြစ်တဲ့ ကီရီရှီရေနံချက်စက်ရုံဟာ ယူကရိန်းဒရုန်းတွေရဲ့ ပစ်မှတ်တွေထဲက တစ်ခုဖြစ်ခဲ့တယ်လို့ ရုရှား တာဝန်ရှိသူတွေက ပြောပါတယ်။

ရုရှားပိုင်နက်မှာ တာဝေး တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ ယူကရိန်းစစ်တပ်နဲ့ အထူးတပ်ဖွဲ့ကို သမ္မတ ဇီလန်စကီးက ချီးကျူးခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ရေး ရုရှားအပေါ် စွမ်းအင်ဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ တင်း ကျပ်ဖို့ အမေရိကန်နိုင်ငံဟာ နေတိုးအဖွဲ့ဝင် တိုင်းပြည်တွေအပေါ် ဖိအားတိုးပေးခဲ့ပါတယ်။

နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ရုရှားမှ ရေနံဝယ်ယူတာ ရပ်တန့်ပြီး အရေးယူမှုတွေ လုပ်ဆောင်မှ သာ ရုရှားအပေါ် စွမ်းအင်ဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ အမေရိကန်နိုင်ငံက ပြင်ဆင်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

၂၀၂၈ ခုနှစ်မတိုင်မီ ရုရှားမှ ရေနံနဲ့ဓာတ်ငွေ့ ဝယ်ယူတာကို ရပ်တန့်ဖို့ ဥရောပသမဂ္ဂက ပြင်ဆင် နေတယ်လို့ သိရပါတယ်။

ဘီလာရုစ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ဘဲရန့်ပင်လယ်တွင်းရှိ ပစ်မှတ်တွေကို အသံထက်မြန် သော ခရုဇ်ဒုံးကျည်တစ်စင်းနဲ့ ပစ်ခတ်ကာ ဆူခွိုင်း ၃၄ အသံထက်မြန်သော ဗုံးကြဲလေယာဉ်က တိုက် ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ရုရှားက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Ukraine attacks major Russian refinery with drone assault