ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၅ ရက်

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို ပြန်သိမ်းပိုက်နိုင်ဖို့ စစ်ပြင်ဆင်နေတယ်လို့ ထိုင်ဝမ် ထိပ်တန်း အရာ ရှိကြီးတစ်ဉီးက ပြောကြားခဲ့ပြီး ထိုင်ဝမ်သာ တရုတ်ထံ ကျဆုံးပါက အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်း ခြောက်လာနိုင်တဲ့ ဒေသတွင်း ဆင့်ကဲသက်ရောက်မှုတစ်ခု ဖြစ်စေမယ်လို့ သတိပေးလိုက်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီဟာ ထိုင်ဝမ်ကို အင်အားသုံး သိမ်းပိုက်ဖို့ ငြင်းဆိုခဲ့ခြင်းမရှိကြောင်း တ ရုတ်ပြည်မရေးရာကောင်စီ အကြီးအကဲ Chiu Chui-cheng က ဝါရှင်တန်မြို့တော်အခြေစိုက် Heritage Foundation သို့ ပြောပါတယ်။

ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းဖို့ ကြိုးပမ်းမှုအဖြစ် တရုတ်ဟာ အာရှ-ပစိဖိတ်ဒေသမှ အမေရိ ကန်ရဲ့အရှိန်အဝါကို လျှော့ချကာ “China Dream” လို့ခေါ်တဲ့ ကမ္ဘာ့ခေါင်းဆောင်နေရာကို အစားထိုးယူဖို့ ရည်ရွယ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

တရုတ်နိုင်ငံဟာ စစ်ပွဲဆင်နွှဲဖို့ ပြင်ဆင်နေပြီး ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ စစ်ရေးလေ့ကျင့်မှုတွေ အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်း သူက ထောက်ပြပါတယ်။

“တရုတ်က ထိုင်ဝမ်ကို အင်အားသုံးပြီး ပြန်သိမ်းပိုက်နိုင်ခဲ့ရင် ဆင့်ကဲသက်ရောက်မှုတစ်ခု ဖြစ် လာပြီး ဒေသတွင်း အင်အားချိန်ခွင်လျှာ ထိန်းညှိမှုကို ထိခိုက်စေကာ အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးနဲ့ သာ ယာဝပြောမှုကို တိုက်ရိုက် ခြိမ်းခြောက်လာနိုင်ပါတယ်” လို့ သူက ရှင်းပြပါတယ်။

ကမ္ဘာ့ထိပ်တန်း ကွန်ပြူတစ်ချက်စ်ပြားထုတ်လုပ်သူ ထိုင်ဝင်ဟာ ကမ္ဘာ့ အဆင့်မြင့်နည်းပညာ လုပ်ငန်းတွေရဲ့ အချက်အချာနေရာလို့ ၎င်းက မီးမောင်းထိုးပြပါတယ်။

“ထိုင်ဝမ်ရဲ့ အခန်းကဏ္ဍကို အပေးအယူလုပ်မယ်ဆိုရင် နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် အမေရိကန်နဲ့ နည်းပညာလုပ်ငန်းတွေအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်လာပါလိမ့်မယ်” လို့ သူ က ဆိုပါတယ်။

ကိုးကား – Reuters
Ref; In US, Taiwan minister warns of ‘domino effect’ if China takes island