
မြောက်ကိုရီးယားက နျူစမ်းသပ်မှု ထပ်မံပြုလုပ်ရင် တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်က ပြင်းပြင်းထန်ထန် အရေးယူမယ်
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂ ရက်
မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှု ထပ်မံပြု လုပ်မယ်ဆိုရင် တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်နိုင်ငံတွေက ပြင်းထန်သော အစီအမံတွေနဲ့ အရေးယူမှာဖြစ်ပြီး တုံ့ပြန်မှုဟာ အရင်ကနဲ့တူမှာမဟုတ်ဖူးလို့ တောင်ကိုရီးယား ထိပ်တန်းလုံခြုံရေးအကြံပေး ကင်ဆောင်ဟန်က ပြောကြားလိုက်ပါတယ်။
အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလေဗန်၊ ဂျပန် အမျိုးသားလုံခြုံရေးအကြံပေး အကီ ဘာတို့နဲ့ ဟိုနိုလူလူမြို့တော်မှာ တွေ့ဆုံပြီးနောက် ကင်ဆောင်ဟန်က အခုလို မှတ်ချက်ပြောကြားခဲ့တာပါ။
“မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားစမ်းသပ်မှု ခြောက်ကြိမ် လုပ်ဆောင်ခဲ့ပြီး နောက်တစ်ကြိမ် နျူ ကလီးယားစမ်းသပ်မှုပြုလုပ်ရင် ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ ကျွန်တော်တို့ သဘောတူခဲ့ပါတယ်” လို့ တောင်ကိုရီး ယားသို့မပြန်မီ ၄င်းက သတင်းထောက်များသို့ ပြောကြားသည်။
“မြောက်ကိုရီးယားက ခုနှစ်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုပြုလုပ်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ တုံ့ ပြန်မှုကလည်း သေချာပေါက် အရင်နဲ့တူမှာမဟုတ်ပါဘူး” လို့ သူက ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံက ခုနှစ်ကြိမ်မြောက် နျူကလီး ယားစမ်းသပ်မှုလုပ်ဆောင်ရန် ပြင်ဆင်မှုတွေ လုပ် ဆောင်ပြီးဖြစ်တယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံက ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ ခြောက်ကြိမ်မြောက်နဲ့ နောက်ဆုံးအကြိမ် နျူကလီးယားစမ်းသပ်မှု ပြုလုပ်ခဲ့တာပါ။
ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှုလမ်းကြောင်းတွေကို နှောင့်ယှက်စေတဲ့ လုပ်ဆောင်ချက်တွေကို ပူးပေါင်း အရေးယူဖို့လည်း သုံးနိုင်ငံစလုံးက သဘောတူခဲ့တယ်လို့ သူက ဆိုပါတယ်။
ဓာတ်ပုံ – ပုံဟောင်း။
ကိုးကား – Yonhap
Ref; S. Korea, U.S., Japan agree on strong response in case of N. Korea’s nuke test