ဖလမ်းနဲ့ကလေး မှာ ၂လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၃၃ ဦးခန့်သေဆုံးတယ်လို့ CNDF ထုတ်ပြန်

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂ ရက်

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်နဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းမှာ ဇူလိုင်လနဲ့ သြဂုတ်လအတွင်း စစ်ကောင်စီတပ်နဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၁၃၃ ဦးဝန်းကျင်သေဆုံးခဲ့တယ်လို့ ချင်းအမျိုး သားကာကွယ်ရေးတပ်ဖွဲ့- CNDFက စက်တင်ဘာ ၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။

၂ လတာအတွင်း ကလေးမြို့နယ် စစ်ကောင်စီတပ်နဲ့ ပစ်ခတ်တိုက် ခိုက်မှုပေါင်း၁၆ ကြိမ်ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၃၃ ဦးခန့် သေဆုံးခဲ့တာလို့ တိုက်ပွဲအခြေပြဇယားနဲ့တကွထုတ်ပြန်လာတာပါ။

အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – CNDF ရဲဘော် ၂ ဦး ကျဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လိုဆိုပါတယ်။

ဓာတ်ပုံ – CNO

#Ayeyarwaddy_Times