ဧရာဝတီတိုင်းမ်
သြဂုတ် ၁ ရက်

အသက် ၁၆ နှစ်အောက် ကလေးငယ်တွေကို လူမှုကွန်ရက်အသုံးပြုခွင့် ပိတ်ပင်ထားတဲ့ ဥပဒေ သစ်မှာ YouTube ကို ထည့်သွင်းမယ်လို့ သြစတြေးလျအစိုးရက ပြောပါတယ်။

ဥပဒေသစ် အာဏာတည်လာမယ့် ဒီဇင်ဘာလမှာစတင်ပြီး လူမှုကွန်ရက်ပလက်ဖောင်း အသုံးပြု သူတွေကို အသက်ကန့်သတ်မှာဖြစ်ပြီး ပိတ်ပင်မယ့် လူမှုကွန်ရက်ထဲမှာ YouTube ပါဝင်မယ်လို့ သြစ တြေးလျအစိုးရက ကြေညာပါတယ်။

“အွန်လိုင်းမှာ ကလေးငယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့က ပြဿနာတွေ ရှိစေပါတယ်။ ဒါ ကြောင့်မို့လို့ အသက် ၁၆ နှစ်အောက် ကလေးငယ်တွေရဲ့ လူမှုကွန်ရက်အကောင့်တွေကို ကျွန်တော်တို့ ပိတ်ပင်ပါမယ်” လို့ သြစတြေးလျဝန်ကြီးချုပ် အန်ထော်နီအယ်လ်ဘာနိစ်က အင်္ဂါနေ့မှာ လူမှုကွန်ရက် X ၌ ရေးသားခဲ့ပါတယ်။

ပိတ်ပင်မယ့် လူမှုကွန်ရက်ထဲမှာ YouTube ကို ထည့်သွင်းရတဲ့ ဆုံးဖြတ်ချက်ဟာ eSafety ကော် မရှင်ရဲ့ ယခုလအစောပိုင်းက ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းတစ်ခုကြောင့် ဖြစ်ပါတယ်။
အဆိုပါစစ်တမ်းအရ သြစတြေးလျကလေးငယ် ၃၇ ရာခိုင်နှုန်းဟာ YouTube မှာ အန္တရာယ် များတဲ့ အကြောင်းအရာတွေကို ကြည့်ရှုကြတယ်လို့ သိရပါတယ်။

အဆိုပါစစ်တမ်း တွေ့ရှိချက်ကြောင့် လူမှုကွန်ရက်ပလက်ဖောင်းတွေဟာ သင့်တော်သော အ သက်အာမခံ လုပ်ထုံးလုပ်နည်းတွေ အကောင်အထည်ဖော်ဆောင်ဖို့ လိုအပ်မယ်လို့ ဆိုပါတယ်။
Online Safety Act 2021 လို့ခေါ်တဲ့ ယင်းဉပဒေဟာ မိဘ ၁၅၀၀၀၀ ရဲ့ မေတ္တာရပ်ခံချက်ကြောင့် ဖြစ်လာခဲ့တာလို့ သြစတြေးလျ ဆက်သွယ်ရေးဝန်ကြီး အန်နီကာဝဲစ်က Facebook မှာ ရုပ်သံဖိုင်တစ်ခု အတွင်း ပြောပါတယ်။

ကိုးကား – UPI
Ref; Australia to include YouTube in ban on child social media ban