
ဧရာဝတီတိုင်းမ်
ဇူလိုင်၂၀ ရက်
ဆီးရီးယားနဲ့ အစ္စရေးတို့ဟာ အပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့တယ်လို့ တူရကီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး တွမ်ဘားရတ်ခ်က သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
အဆိုပါအပစ်အခတ်ရပ်စဲရေးကို တူရကီ၊ ဂျော်ဒန်နဲ့ အခြားအိမ်နီးချင်းတိုင်းပြည်တွေက လက်ခံ ယုံကြည်ကြောင်း ဆီးရီးယားနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန်လည်းဖြစ်သူ တွမ်ဘားရတ်ခ်က လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။
အာရပ်မျိုးနွယ်စုဖြစ်တဲ့ Druze လူနည်းစုတွေကို ကာကွယ်ပေးဖို့ အစ္စရေးနိုင်ငံက ဗုဒ္ဓဟူးနေ့မှာ ဆီးရီးယားကို လေကြောင်းတိုက်ခိုက်ပြီးနောက် အပစ်အခတ်ရပ်စဲဖို့ သဘောတူလိုက်တာပါ။
ဆီးရီးယားအာဏာရှင် ဘာရှားအယ်လ်အာဆတ် ပြုတ်ကျပြီးနောက်ပိုင်း အစိုးရထောက်ခံတဲ့ တပ်ဖွဲ့တွေနဲ့ Druze လူမျိုးစုတွေကြား တိုက်ပွဲတွေကြောင့် လူအများအပြား သေဆုံးခဲ့ပါတယ်။
အစ္စရေးနိုင်ငံဟာ ဆီးရီးယားပြည်သူတွေကို သွေးခွဲနေပြီး ဆီးရီးယားနိုင်ငံကို ကစဉ့်ကလျား စစ် မြေပြင်တစ်ခုဖြစ်အောင်လုပ်နေတယ်လို့ သမ္မတ အာမက်အယ်ရှာရာက ရုပ်သံမိန့်ခွန်းတစ်ခုမှာ ပြောပါ တယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုဟာ ဆီးရီးယားအရေး ဆွေးနွေးဖို့ သောကြာနေ့ က တူရကီ နိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒန်နဲ့ ဖုန်းပြောဆိုခဲ့ပါတယ်။
ပဋိပက္ခမှာပါဝင်တဲ့ အဖွဲ့အစည်းအားလုံးဟာ အခြေအနေကို ဖြေရှင်းဖို့ သဘောတူခဲ့တယ်လို့ မာ ကိုရူဘီယိုက အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
“ပဋိပက္ခမှာပါတဲ့ အဖွဲ့အစည်းအားလုံးက ပေးထားတဲ့ကတိတည်ဖို့ လိုအပ်မှာဖြစ်ပြီး အဲဒီအဖွဲ့အ စည်းတွေက လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ အပြည့်အဝ မျှော်လင့်ပါတယ်” လို့ ၎င်းက လူမှုကွန်ရက် x မှာ ရေးသားခဲ့ပါတယ်။
တူရကီ၊ အစ္စရေးနဲ့ ဂျော်ဒန် အပါအဝင် သက်ဆိုင်သူအားလုံး ပါဝင်မှုက အပစ်အခတ်ရပ်စဲဖို့ သ ဘောတူညီမှု ရစေခဲ့တယ်လို့ အစ္စရေး ဗိုလ်ချုပ်ကြီးဟောင်းနဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲ Amos Yadlin က ပြောပါတယ်။
ကိုးကား – CNN
Ref; Israel and Syria agree to ceasefire, US ambassador to Turkey says