
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၀ ရက်
Han Kuang 41 စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေတဲ့ ထိုင်ဝမ်စစ်တပ်ရဲ့ နည်းဗျူဟာတွေနဲ့ပတ်သက် တဲ့ သတင်းအချက်အလက်တွေ စုဆောင်းဖို့ တရုတ်စစ်တပ်ဟာ ဇူလိုင်လ ၁၇ ရက်က စစ်သင်္ဘော ၆၀ စင်းနီးပါးနဲ့ စစ်သင်္ဘော ၁၀ စင်း စေလွှတ်ခဲ့ပါတယ်။
တရုတ်တိုက်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေရဲ့ လှုပ်ရှားမှုကို ထောက်လှမ်းနိုင်ခဲ့တယ်လို့ ထိုင် ဝမ် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တစ်ခုအရ သိရပါတယ်။
ဝေးလံခေါင်ဖျား ဒေါင်ရှားကျွန်းအနီး မီတာ ၅၀၀၀ ခန့်အကွာမှာ တရုတ်ကင်းထောက်လေယာဉ် Y-8 တစ်စင်းကို တွေ့ရှိခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
တရုတ်စစ်တပ်ရဲ့ ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှုတွေက ပုံမှန်ဖြစ်လာခဲ့ပြီး ထိုင်ဝမ်ရဲ့ ကာ ကွယ်ရေးစွမ်းပကားကို ထောက်လှမ်းဖို့ တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေ စေလွှတ်လေ့ရှိပါတယ်။
၂၀၂၂ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံဟာ ထိုင်ဝမ်အပေါ် ဖိအားပေးမှု တိုးလာခဲ့ပြီး ဂျက်တိုက်လေ ယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေနဲ့ ကင်းထောက်လေယာဉ်တွေ ပုံမှန် စေလွှတ်ခဲ့ပါတယ်။
ထိုင်ဝမ်ရဲ့ Han Kuang 41 စစ်ရေးလေ့ကျင့်မှုအတွင်း တရုတ်နိုင်ငံရဲ့လုပ်ရပ်တွေဟာ အလွန် သိ သာပြီး ရန်လိုမှုနဲ့ တုံ့ပြန်လေ့ရှိပါတယ်။
၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း Han Kuang 41 စစ်ရေးလေ့ကျင့်မှုမှာ ထိုင်ဝမ်ရဲ့ တုံ့ပြန်မှုတွေကို စမ်းသပ်ဖို့ တရုတ်နိုင်ငံဟာ တစ်ရက်အတွင်း တိုက်လေယာဉ် ၃၇ စင်းနဲ့ စစ်သင်္ဘော ခုနှစ်စင်း စေလွှတ် ခဲ့ပါတယ်။
ကိုးကား – Taiwan Focus
Ref; China deploys nearly 60 aircraft to spy on Taiwan’s exercise