ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၅ ရက်

ရှမ်းမြောက်၊ တအာင်းတပ်မဟာ (၂) နယ်မြေ၊ သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ ဇူလိုင် ၁၄ ရက် ညနေ ၆ နာရီခန့်က သီပေါမြို့၊ တောင်မြို့ရပ်ကွက်ကို ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး လေးလုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNlA) က ထုတ်ပြန်သည်။

ဗုံးထိမှန်သူများအနက် အမျိုးသားနှစ်ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးနှင့် အမျိုးသားလေးဦးတို့ ဒဏ်ရာများရရှိခဲ့ကာ နေအိမ်ငါးလုံးလည်းပျက်စီးခဲ့ ကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်နေ့ကလည်း မိုးကုတ်မြို့ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြချတိုက်ခိုက်ခဲ့သည့် အတွက် ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ခြောက် ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်ခြောက်လုံးပျက်စီးခဲ့သည်။

စစ်ကောင်စီသည် ကျောက်မဲမြို့ကို ဇွန် ၂၉ ရက် မှ ဇူလိုင် ၁၄ ရက်နေ့အထိ လေကြောင်းမှနေ၍ ခြောက်ကြိမ်ဗုံးကြဲခဲ့ပြီး နောင်ချို သုံးဆယ်ကျေးရွာတွင် တစ်ကြိမ်၊ မိုးကုတ်မြို့တွင် နှစ်ကြိမ်နှင့် သီပေါမြို့တွင် နှစ်ကြိမ် စုစုပေါင်း ၁၁ ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့ သည်။

ထိုသို့ လေကြောင်းမှတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ်များအပါအဝင် ပြည်သူ ကိုး ဦး သေဆုံးခဲ့ကာ ၄၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၆၃ လုံး၊ စာသင်ကျောင်းတစ်ကျောင်း၊ ဘုန်းကြီးကျောင်း လေး ကျောင်းတို့ ပျက်စီးခဲ့ကြောင်း TNLA ထံမှ သိရသည်။

ဓာတ်ပုံ-TNLA