ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၅ ရက်

ပြီးခဲ့တဲ့လအတွင်း အီရန်အပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှုတစ်ခုအတွင်း အီရန်သမ္မတ မာစွပ်ပီဇက် ကီယန် အနည်းငယ် ဒဏ်ရာရရှိခဲ့ပါတယ်။

အစ္စရေးနိုင်ငံဟာ ဇွန်လ ၁၆ ရက်က မာစွပ်ပီဇက်ကီယန်က အမျိုးသားလုံခြုံရေးကောင်စီ အရေး ပေါ် အစည်းအဝေးတစ်ခုကို တက်ရောက်လျက်ရှိရာ တီဟီရန်မြို့ရှိ လျှို့ဝှက် မြေအောက်အဆောက်အ အုံတစ်လုံးကို ဗုံးခြောက်လုံးကျဲခဲ့တာလို့ တော်လှန်ရေးအစောင့်တပ်ဖွဲ့နဲ့ နီးကပ်တဲ့ နိုင်ငံပိုင် Fars သ တင်းဌာနက ဖော်ပြပါတယ်။

တိုက်ခိုက်မှုအတွင်း သမ္မတ မာစွပ်ပီဇက်ကီယန်ဟာ ခြေထောက်ဒဏ်ရာတွေ ရရှိခဲ့ပြီး ၎င်းနဲ့အ ခြားသူတွေကို ကြိုတင်ပြင်ဆင်ထားတဲ့ အရေးပေါ်ထွက်ပေါက်မှ တိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

အစ္စရေးနိုင်ငံက သူ့ကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်လို့ မာစွပ်ပီဇက်ကီယန်က ပြီးခဲ့တဲ့အပတ်အ တွင်း စွပ်စွဲခဲ့ပြီး အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကာတ်ဇ်က အဆိုပါပြောဆိုချက်ကို ငြင်းဆန်ခဲ့ပြီး ‘အစိုးရအပြောင်းအလဲ’ က စစ်ပွဲရဲ့ ရည်မှန်းချက်တစ်ခု မဟုတ်ဖူးလို့ ပြောပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အံ့အားသင့်ခဲ့ရပြီး တိုက်ခိုက်ခံရပြီး ၂၄ နာရီကြာအောင် ဆုံးဖြတ် ချက်ချမှတ်ရေးမှာ တုံ့ဆိုင်းသွားခဲ့တယ်လို့ အီရန်ခေါင်းဆောင်တွေက ဝန်ခံခဲ့ပါတယ်။

အီရန်ဉသျှောင် အယာတိုလာခါမေနီကို ပစ်မှတ်ထားခဲ့ပေမယ့် သူ့ကို လုံခြုံသော လျှို့ဝှက်နေရာ တစ်ခုသို့ ရွှေ့ပြောင်းကာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ခဲ့လို့ ခြေရာခံမရခဲ့ဘူးလို့ အစ္စရေး တာဝန်ရှိသူတွေက ဝန်ခံခဲ့ပါတယ်။

အီရန် ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တပ်မှူးတွေရဲ့ တည်နေရာနဲ့ပတ်သက်လို့ အရေးပါသော ထောက်လှမ်းရေးသတင်းတွေ အစ္စရေးနိုင်ငံက ဘယ်လိုရရှိခဲ့တယ်ဆိုတဲ့ မေးခွန်းတွေ ရှိနေဆဲဖြစ်ပါ တယ်။

ကိုးကား – BBC
Ref; Iran president was reportedly injured in Israeli strikes