
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၂ ရက်
အခင်အမင်မပျက်သော တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် နယ်စပ်အငြင်းပွားမှုကို ဖြေရှင်းကြဖို့ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံကို တရုတ်နိုင်ငံက တောင်းဆိုခဲ့ပြီး အဆိုပါလုပ်ငန်းစဉ်မှာ ကြားနေသော၊ အ ပြုသဘောဆောင်သော အခန်းကဏ္ဍမှပါဝင်ဖို့ ကမ်းလှမ်းလိုက်ပါတယ်။
အိမ်နီးချင်းနှစ်နိုင်ငံကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုရဲ့ အရေးပါမှုကို မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ ထိုင်း နိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယာပွန်ဆာနဲ့ တွေ့ဆုံ စဉ်အတွင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အလေးထားပြောခဲ့ပါတယ်။
အငြင်းပွားမှု အဖြေရှာရာမှာ မျှတသော ရပ်တည်ချက်ရှိဖို့ တရုတ်နိုင်ငံရဲ့ ကတိကဝတ်ကို ဝမ်ယိ က ထပ်လောင်းအတည်ပြုခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
“မျှတသော ရပ်တည်ချက် ကိုင်စွဲဖို့၊ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကြား သဟဇာတဖြစ်သော အတူ ယှဉ်တွဲနေထိုင်ရေးမှာ အပြုသဘောဆောင်သော အခန်းကဏ္ဍမှပါဝင်ဖို့ တရုတ်နိုင်ငံက ဆန္ဒရှိနေပါ တယ်” လို့ ဝမ်ယိက ပြောပါတယ်။
ဝမ်ယိဟာ ယင်းနေ့မှာပင် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ခ်ဆိုခွန်နဲ့ အဆိုပါကိစ္စကို ဆွေးနွေးခဲ့ပြီး နယ်စပ်အငြင်းပွားမှုမှာ တရုတ်နိုင်ငံရဲ့ ကြားနေဝါဒကို ထပ်လောင်းအတည်ပြုခဲ့ပါတယ်။
တရုတ်နဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေကို ကာကွယ်ပေးမယ့် လုံခြုံရေးအစီအမံတွေ မြှင့်တင်ဖို့ အ ရေးကြီးကြောင်း၊ အွန်လိုင်းလောင်းကစား၊ ကျားဖြန့်၊ ကုန်စည်အတုနဲ့ မှောင်ခိုမှုလိုမျိုး နယ်စပ်ဖြတ် ကျော် ရာဇဝတ်မှုတွေကို နှိမ်နင်းမယ့် ပြင်းထန်သော အရေးယူမှုတွေလုပ်ဆောင်ဖို့လည်း ၎င်းက တိုက် တွန်းခဲ့ပါတယ်။
အာဆီယံနိုင်ငံတွေက ရှုပ်ထွေးသော အခြေအနေကို ကိုင်တွယ်နိုင်စွမ်းရှိပြီး ဒေသတွင်းနဲ့ နိုင်ငံ တွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ ယုံကြည်မှုရှိကြောင်း အမေရိကန်နိုင်ငံရဲ့ စည်းကြပ်ခွန် တိုးမြှင့်မှုနဲ့ပတ်သက်လို့ ဝမ်ယိက ပြောကြားခဲ့ပါတယ်။
ကိုးကား – The Nation Thailand
Ref; China offers to mediate in Thailand-Cambodia border dispute