
စစ်ကောင်စီလက်ထက် ၂ ရက်အတွင်း လူ ၃ ဦးရေထဲခုန်ချသေဆုံးခဲ့
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၉ ရက်
စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းယူပြီးနောက်ပိုင်း ၁ နှစ်ခွဲကျော်အကြာမှာ အထွေထွေကုန်စျေးနှုန်းတွေမြင့်တက်လာလို့ နေ့စဥ် သေကြောင်းကြံစီတာတွေလည်း ဖြစ်ပွားမှုပိုများလာခဲ့ပါတယ်။
သြဂုတ်လ နောက်ဆုံးပတ်ထဲမှာပဲ စစ်ကောင်စီလက်ထက် စီးပွားရေးမပြေလည်မှုတွေ စားဝတ်နေရေးကြပ်တည်မှုတွေကြောင့် ၂ ရက်အတွင်း ရေထဲခုန်ချသေဆုံးသူ ၃ ဦးထိရှိလာခဲ့ပါတယ်။
သြဂုတ်လ ၂၈ ရက်နေ့က ပြည်မြို့က အသက် ၂၄ နှစ်အရွယ် အမျိုးသမီးနဲ့အတူ အသက် ၃ နှစ်အရွယ်ကလေးတဦးရေထဲခုန်ချသေဆုံးခဲ့သလို သြဂုတ်လ ၂၉ ရက်နေ့မှာလည်း ရန်ကုန်မြို့မှာ အင်းယားကန်ထဲအမျိုးသား ၁ ဦးရေထဲခုန်ချသေဆူံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီလက်ထက် လူနေမှုဘဝကြပ်တည်းလာမှုတွေနဲ့အတူ မိမိကိုယ်ကို အဆုံးစီရင်ပြီး သေဆုံးသူတွေများလာခဲ့သလို သြဂုတ်လနောက်ဆုံးပတ်က ရေထဲခုန်ချသေဆုံးခဲ့သူ ၃ ဦးကိုတော့ ခုထိ ပြန်ရှာမတွေ့သေးပါဘူး။
၂ ရက်အတွင်း ရေထဲခုန်ချသေဆုံးခဲ့သူ ၃ ဦးရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိဖို့အတွက် ဒေသခံပရဟိတအဖွဲ့တွေနဲ့ မီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။