ချောင်းသာကားလမ်းဘေး တောတွေထဲ စစ်ကောင်စီတပ် စစ်ကြောင်းထိုးရှာဖွေနေ

ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၂၉ ရက်

ပုသိမ် – ချောင်းသာသွားတဲ့ ကားလမ်းဘေးက တောတွေထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရောက်နေ တယ်ဆိုတဲ့သတင်းကြောင့် စစ်ကောင်စီတပ်သားတွေက ဩဂုတ်လ တတိယပတ်ကစတင်ကာ အပူတပြင်း ပိတ်ဆို့ရှာဖွေတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ချောင်းသာကမ်းခြေနဲ့အနီးတဝိုက်က ကစွန်းချောင်းရွာအနီးမှာရှိတဲ့ တောင်ကြားတွေ ဉတိုရွာအနီးမှာရှိတဲ့ တောင်နဲ့ တောတွေထဲမှာ စစ်ကောင်စီတပ်သားတွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို စစ်ကြောင်းထိုး ရှာဖွေနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ရုပ်သံ – ဧရာဝတီတိုင်းမ်