ဧရာဝတီတိုင်းမ်
ဇွန် ၁၈ ရက်

သူ့အနေနဲ့ အီရန်နိုင်ငံကို နျူကလီးယားလက်နက် အစီအစဉ်ကို လုံးလုံးလျားလျား စွန့်လွှတ်စေ ချင်တယ်လို့ ကနေဒါနိုင်ငံမှာကျင်းပတဲ့ G7 ထိပ်သီးဆွေးနွေးပွဲမှအပြန် Air Force One လေယာဉ်ပေါ်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။

“အီရန်နိုင်ငံက နျူကလီးယားလက်နက် ပိုင်ဆိုင်လို့မရပါဘူး။ ဒါဟာ အလွန်ကို ရိုးရှင်းပါတယ်” လို့ ၎င်းက ဇွန်လ ၁၇ ရက် အစောပိုင်းမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အီရန်နဲ့ တွေ့ဆုံဖို့ အရှေ့အလယ်ပိုင်းသံတမန် စတိဗ်ဝစ်ကော့ခ် သို့မဟုတ် ဒုတိယသမ္မတ ဂျေဒီ ဗန့်ကို စေလွှတ်မှာဖြစ်ပေမယ့် သူပြန်ရောက်မှ ဘာဖြစ်မလဲဆိုတဲ့အပေါ် မူတည်တယ်လို့ ၎င်းက ဆိုပါ တယ်။

အီရန်ကိုကူညီဖို့ မြောက်ကိုရီးယား သို့မဟုတ် ရုရှားနိုင်ငံ ပါဝင်တဲ့လက္ခဏာ မတွေ့ရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

အစ္စရေး-အီရန်စစ်ပွဲဖြစ်နေချိန်မှာ ဒေသတွင်းမှ ထွက်ပြေးဖို့ကြိုးပမ်းတဲ့ အမေရိကန်နိုင်ငံသား တွေကို ကူညီဖို့ လုပ်ဆောင်နေတယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

ဇွန်လ ၁၃ ရက်က အရှေ့အလယ်ပိုင်းပြိုင်ဘက်နှစ်နိုင်ငံကြား အပြန်အလှန် တိုက်ခိုက်ခဲ့ရာ အရပ် သားအများစု အပါအဝင် လူ ၂၂၀ ကျော် သေဆုံးခဲ့တယ်လို့ အီရန် တာဝန်ရှိသူတွေက ပြောပြီး အရပ်သား ၂၄ ဉီး သေဆုံးခဲ့တယ်လို့ အစ္စရေးက ဆိုပါတယ်။

အစ္စရေး၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ နျူကလီးယားလက်နက်အစီအစဉ်ကို စွန့်လွှတ်ဖို့ အီရန်အပေါ် ဖိအားပေးနေတာ ကြာခဲ့ပါပြီ။

နျူကလီးယားလက်နက်ရဖို့ ကြိုးပမ်းနေတာမဟုတ်ဖူးလို့ အီရန်နိုင်ငံက ငြင်းဆန်ပြီး နျူကလီး ယားစာချုပ် မပြန့်ပွားရေး (NPT) အဖွဲ့ဝင်အနေနဲ့ ယူရေနီယမ်သန့်စင်မှု အပါအဝင် ငြိမ်းချမ်းသော ရည် ရွယ်ချက်နဲ့ နျူကလီးယားနည်းပညာ ပိုင်ဆိုင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။

နျူကလီးယားစာချုပ် မပြန့်ပွားရေး (NPT) မှာ လက်မှတ်မထိုးထားတဲ့ အစ္စရေးဟာ နျူကလီး ယားလက်နက်ပိုင်ဆိုင်တဲ့ အရှေ့အလယ်ပိုင်းရှိ တစ်ခုတည်းသောတိုင်းပြည် ဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်က အီရန်နဲ့ နျူကလီးယား သဘောတူညီချက်ရရှိဖို့ ရည်ရွယ်ပေမယ့် အီရန်နဲ့ အစ္စရေးကြား အပစ်အခတ်ရပ်စဲဖို့ ကြိုးပမ်းမှာမဟုတ်သလို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အီရန်ကို ဆက် သွယ်မှာမဟုတ်ဖူးလို့ အမေရိကန်အစိုးရက ပြောပါတယ်။

ကိုးကား – Reuters
Ref; Trump says he wants Iran to give up entirely on nuclear weapons

#Ayeyarwaddy_Times