
ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်
တရုတ်လေယာဉ်တင်သင်္ဘောအုပ်စုဟာ ဂျက်တိုက်လေယာဉ်တွေပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုပြု လုပ်ဖို့ မထွက်ခွာမီ ဂျပန် အထူးစီးပွားရေးဇုန်အတွင်း ဝင်ရောက်ခဲ့တယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီး ဌာနက ပြောပါတယ်။
လျောင်နင်လေယာဉ်တင်သင်္ဘော၊ ဒုံးကျည်တပ် ဖျက်သင်္ဘောနှစ်စင်းနဲ့ တိုက်ခိုက်ရေးရေယာဉ် တစ်စင်းဟာ စနေနေ့က မီနာမီတိုရီကျွန်းစု ကီလိုမီတာ ၃၀၀ ဝန်းကျင်မှာ ဝင်ရောက်ခဲ့တယ်လို့ ဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ဂျပန်ရဲ့ အထူးသီးသန့် စီးပွားရေးဇုန်အတွင်း တရုတ် လေယာဉ်တင်သင်္ဘောတစ်စင်း ဝင်ရောက် ခဲ့တာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ စစ်ရေးအင်အား ကြီးမားလာမှုနဲ့ အငြင်းပွားပိုင်နက်တွေကို ဖိအားပေးနိုင်ရေး စစ် သင်္ဘောတွေနဲ့ ဂျက်တိုက်လေယာဉ်တွေ အသုံးပြုမှုက အမေရိကန်နဲ့ အာရှ-ပစိဖိတ်ဒေသရှိ မဟာမိတ် တွေကို မကျေမနပ်ဖြစ်စေခဲ့ပါတယ်။
ဂျပန်အစိုးရဟာ တရုတ်လေယာဉ်တင်သင်္ဘော ဝင်ရောက်မှုနဲ့ပတ်သက်လို့ တရုတ်အစိုးရထံ သင့်တော်တဲ့ သတင်းစကား ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
လျောင်နင် လေယာဉ်တင်သင်္ဘောနဲ့ စစ်သင်္ဘောတွေ ဂျပန် အထူးသီးသန့် စီးပွားရေးဇုန်မှ ထွက် ခွာသွားပြီးနောက် ဂျက်တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေဟာ တနင်္ဂနွေနေ့မှာ အတက်/အဆင်း တွေ ပြုလုပ်ခဲ့တယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ဂျပန်အစိုးရဟာ အခြေအနေကို စောင့်ကြည့်ဖို့ စစ်သင်္ဘော Haguro ကို အဆိုပါဧရိယာသို့ စေ လွှတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ပြီးခဲ့တဲ့လအတွင်း တရုတ်လေယာဉ်တင်သင်္ဘော လျောင်နင်ဟာ အရှေ့တရုတ်ပင်လယ်မှ ပစိ ဖိတ်ဒေသသို့သွားရောက်စဉ် ဂျပန် အထူးသီးသန့်စီးပွားရေးဇုန်အတွင်းရှိ ကျွန်းနှစ်ခုကြားမှ မောင်းနှင်ခဲ့ တယ်လို့ ဝန်ကြီးဌာနက ဆက်ပြောပါတယ်။
ကိုးကား – AFP
Ref; Chinese aircraft carrier enters Japan’s economic waters: Tokyo
#Ayeyarwaddy_Times