ဧရာဝတီတိုင်းမ်
မေ ၂၉ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မကြာသေးမီက ကြေညာခဲ့တဲ့ ရွှေကွန်ချာ “Golden Dome” ဒုံးကျည်ကာကွယ်ရေးစနစ်ကို မြောက်ကိုရီးယားနိုင်ငံက ရှုတ်ချခဲ့ပြီး ရည်မှန်းချက်ကြီးမားသော အဆိုပါ အာကာသအခြေပြုအစီအစဉ်က ကမ္ဘာ့လုံခြုံရေးကို အလွန် ခြိမ်းခြောက်နေပြီး စစ်ဇုန်ပြုလုပ်ရေး ရန်စ တဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန်နိုင်ငံဟာ ဒုံးကျည်ကာကွယ်ရေး ဟန်ဆောင်ပြီး အာကာသကို လက်နက်ဇုန်ပြုလုပ်ဖို့ ကြိုးပမ်းနေတယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း စွပ်စွဲခဲ့ ပါတယ်။

အမေရိကန်နိုင်ငံရဲ့အစီအစဉ်ဟာ နျူကလီးယားပိုင်နိုင်ငံတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေပြီး ကမ္ဘာလုံးဆိုင်ရာ လက်နက်ပြိုင်ဆိုင်မှုဖြစ်စေတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

“အမေရိကန်နိုင်ငံရဲ့ ဒုံးခွင်းစနစ်သစ် တည်ဆောက်မယ့်အစီအစဉ်က ကမ္ဘာလုံးဆိုင်ရာ နျူကလီး ယားနဲ့ လက်နက်ပြိုင်ပွဲဖြစ်စေတဲ့ အဓိက အကြောင်းရင်းဖြစ်ပါတယ်” လို့ မြောက်ကိုရီးယားက ပြောပါ တယ်။

သမ္မတ ဒေါ်နယ်ထရမ့် မေလ ၂၀ ရက်မှာ ကြေညာခဲ့တဲ့ “ရွှေကွန်ချာ” ဒုံးခွင်းစနစ်ဟာ အဆင့်မြင့် အာရုံခံစနစ်တွေ၊ ကြားဖြတ်စနစ်တွေ တပ်ဆင်ထားတဲ့ ကမ္ဘာ့ဂြိုဟ်တုကွန်ရက်ကို အသုံးပြုတဲ့ ခေတ်မီ ဒုံးကျည်ကာကွယ်ရေးစနစ်တစ်ခု ဖြစ်ပါတယ်။

အဆိုပါစနစ်ဟာ မြောက်ကိုရီးယား၊ တရုတ်၊ အီရန်နဲ့ ရုရှားအပါအဝင် ရန်သူတွေထံမှ ပဲ့ထိန်းဒုံး ကျည်တွေ ပစ်ခတ်လာပါက ကြားဖြတ်ဟန့်တားဖို့ ရည်ရွယ်ပါတယ်။

ဒေါ်လာ ၁၇၅ ဘီလီယံ ကုန်ကျမယ့် “ရွှေကွန်ချာ” ဒုံးခွင်းစနစ်ဟာ နိုင်ငံ့ကာကွယ်ရေးအတွက် အ ရေးကြီးတယ်လို့ဆိုသော ဒေါ်နယ်ထရမ့်က အပြီးသတ်ဒီဇိုင်း ရွေးချယ်ကာ လုပ်ငန်းစဉ်ကို ကြီးကြပ်မယ့် အာကာသတပ်ဖွဲ့ ဗိုလ်ချုပ်ကြီးတစ်ဉီးကို ခန့်အပ်ခဲ့ပါတယ်။

“ရွှေကွန်ချာ ဒုံးခွင်းစနစ် အောင်မြင်ရေးဟာ ကျွန်တော်တို့နိုင်ငံ ရှင်သန်ရေးအတွက်ပါ အလွန် အ ရေးကြီးပါတယ်” လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ကိုးကား – AP
Ref; North Korea Condemns Trump’s ‘Golden Dome’ Missile Shield Plan As Dangerous Space Militarization

#Ayeyarwaddy_Times