
ဧရာဝတီတိုင်းမ်
မေလ ၂၀ ရက်
ရုရှားကျူးကျော်စစ်ကြောင့် ဥရောပသမဂ္ဂက ထိန်းချုပ်ထားတဲ့ ရုရှားနိုင်ငံပိုင်ငွေကြေးမှရရှိတဲ့ အမြတ်အစွန်းတွေကို အသုံးပြုပြီး ယူကရိန်းသို့ ယူရို သန်း ၉၀ တန်ကြေးရှိ ခဲယမ်းမီးကျောက်တွေ ထောက်ပံ့သွားမယ်လို့ ဖင်လန် ကာ ကွယ်ရေးဝန်ကြီး အန့်တီဟက်ကာနန်က ပြောပါတယ်။
ရုရှားနိုင်ငံပိုင် အကြမ်းဖျင်း ဒေါ်လာ ၃၀၀ ဘီလီယံခန့်အနက် ဒေါ်လာ ၂၁၀ ဘီလီယံကို ဥရောပ ၂၇ နိုင်ငံမှာ ထိန်းချုပ်ထားတယ်လို့ ဉရောပသမဂ္ဂက ခန့်မှန်းခဲ့ပါတယ်။
ရုရှားပိုင် ထိန်းချုပ်ငွေ အမြတ်အစွန်းတွေကို ဥရောပသမဂ္ဂရဲ့ ရန်ပုံငွေမှတစ်ဆင့် ယူကရိန်းစစ်တပ်သို့ ထောက်ပံ့ဖို့ သုံးစွဲနိုင်တယ်လို့ ဥရောပသမဂ္ဂက ပြီးခဲ့တဲ့နှစ်အတွင်း ဆုံးဖြတ်ခဲ့ပါတယ်။
“ယူကရိန်းနိုင်ငံအတွက် ဖင်လန်နိုင်ငံရဲ့ ပံ့ပိုးကူညီဖို့ ထပ်တိုးရန်ပုံငွေကိစ္စ ကျွန်တော်တို့ ညှိနှိုင်း နေပါတယ်။ ခဲယမ်းမီးကျောက်တွေကို ဖင်လန်စစ်လက်နက်လုပ်ငန်းမှ ဝယ်ယူပြီး ယူကရိန်းသို့ ပေးပို့မှာ ဖြစ်ပါတယ်” လို့ အန့်တီဟက်ကာနန်က ပြောပါတယ်။
ရုရှားပိုင် ထိန်းချုပ်ငွေတွေကို သိမ်းဆည်းမယ့် မည်သည့်လုပ်ရပ်ကမဆို တရားမဝင်ဘူးလို့ ရုရှား သမ္မတရုံးက ပြောပါတယ်။
အဆိုပါလုပ်ရပ်ဟာ အန္တရာယ်များပြီး တရားရုံးမှာ တရားမျှတမှုရဖို့ ရင်ဆိုင်သွားမယ်လို့ ရုရှား သမ္မတရုံးက ဆိုပါတယ်။
ကိုးကား – Reuters
Ref; Finland to use proceeds from frozen Russian assets to supply ammunition to Ukraine
#Ayeyarwaddy_Times