
ဧရာဝတီတိုင်းမ်
မေ ၁၉ ရက်
အင်ဒိုနီးရှားရေတပ်ဟာ ထိုင်းအလံလွှင့်ထူထားတဲ့ သင်္ဘောတစ်စင်းကို သံသယဖြစ်ဖွယ်ရာ အပြု အမူကြောင့် ဖမ်းဆီးပြီး ရှာဖွေခဲ့ရာ အင်ဒိုနီးရှားနိုင်ငံသမိုင်းမှာ ပမာဏအများဆုံး မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။
ရီအောကျွန်းစုအလွန် ရေပိုင်နက်အတွင်း မီးပိတ်ပြီး မောင်းနှင်ထွက်ပြေးဖို့ ကြိုးပမ်းခဲ့တဲ့ ထိုင်း နိုင်ငံအလံလွှင့်ထူထားသော သင်္ဘောတစ်စင်းကို အင်ဒိုနီးရှားရေတပ်က ထိန်းသိမ်းခဲ့ပါတယ်။
အင်ဒိုနီးရှားရေတပ်ဖွဲ့ဝင်တွေဟာ ထိုင်းသင်္ဘောပေါ်မှာ ခန့်မှန်းချေ ကိုကင်း ၁ ဒသမ ၂ တန် ထည့်ထားတဲ့ အဝါရောင်နဲ့ အဖြူရောင်အိတ် ၁၀၀ နဲ့ မီသာဖက်တမင်းဆေးပြား ၇၀၅ ကီလိုဂရမ်ကို တွေ့ရှိခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေရဲ့တန်ကြေးဟာ အမေရိကန်ဒေါ်လာ ၄၂၆ သန်း တန်ကြေးရှိ ရာ အင်ဒိုနီးရှားနိုင်ငံသမိုင်းမှာ မူးယစ်ဆေးဝါး ပမာဏအများဆုံး ဖမ်းဆီးရမိတာဖြစ်ပါတယ်။
စစ်ဆင်ရေးအတွင်း ထိုင်းနိုင်ငံသားတစ်ဉီးနဲ့ မြန်မာနိုင်ငံသား (၄) ဉီးကိုလည်း ဖမ်းဆီးရမိခဲ့ တယ်လို့ သိရပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ မူးယစ်ဆေးဝါးမှောင်ခိုကူးမှုကို သေဒဏ်ပေးမှု အပါအဝင် ပြင်းထန်သော ပြစ်ဒဏ်တွေကြောင့် တင်းကျပ်သော မူးယစ်ဆေးတိုက်ဖျက်ရေးဥပဒေတွေ ပြဌာန်းထားပါတယ်။
မူးယစ်ဆေးဝါးတွေရဲ့ မူလနေရာနဲ့ သင်္ဘောသွားမယ့်ဉီးတည်ရာနေရာတွေကို ဖော်ထုတ်ဖို့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
ကိုးကား – Reuters
Ref; Indonesia seizes Thai-flagged ship with record drug haul
#Ayeyarwaddy_Times