
ဧရာဝတီတိုင်းမ်
မတ် ၈ ရက်
မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် အိုးဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသား ၄၁ ဦးအပါအဝင် စုစုပေါင်း၆၄ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က မတ် ၈ ရက် (ယနေ့) တွင် သတင်းထုတ်ပြန်သည်။
ငလျင်လှုတ်ခတ်ချိန်သည် အကျဉ်းထောင်များ၏ တန်းပိတ်ချိန် ဖြစ်သောကြောင့် ထိခိုက်သေဆုံးမှုများခဲ့ပြီး ဆေးဝါးကုသမှုအလုံအလောက်မရသဖြင့် ကိုယ်ဝန်ဆောင်သည် နိုင်ကျဉ်းအမျိုးသမီးအပါအဝင် သေဆုံးမှုတိုးမြင့်ခဲ့ကြောင်း သိရသည်။
ငလျင်ကြောင့် အိုးဘိုထောင်အတွင်းရှိ အမျိုးသားအိပ်ဆောင် ၃၊၄၊၆နှင့် အမျိုးသား အလုပ်ရုံ၊အမျိုးသမီးအိပ်ဆောင် ၁ အမျိုးသမီးဆေးရုံဆောင်တို့လည်း ထိခိုက်ပျက်ဆီးခဲ့သည်။
အဆိုပါ အဆောက်အအုံပျက်စီးမှုကြောင့် အကျဉ်းသား၊ အကျဉ်းသူ(၆၄)ဦးအနည်းဆုံး သေဆုံးခဲ့ပြီး သေဆုံးမှုတွင် နိုင်ငံရေးအကျဉ်းသား(၁၈)ဦးနှင့် နိုင်ငံရေးအကျဉ်းသူ(၂၃)ဦး စုစုပေါင်း နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ(၄၁)ဦး ပါဝင်ခဲ့ကြောင်းသိရသည်။ အဆိုပါသေဆုံးမှုထဲတွင် ကိုယ်ဝန်သည် နိုင်ငံရေးအကျဉ်းသူနှစ်ဦး၏ သန္ဓေသားငယ် နှစ်ဦးလည်း သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သေဆုံးခဲ့ကြရသူများတွင် ကိုယ်ဝန်လွယ်ထားရသည့် နိုင်ငံရေးအကျဉ်းသူ မနွယ်နီဝင်းသည် လုံလောက်သည့် ဆေးဝါးကုသမှုမရသည့်အပြင် သေဆုံးမှုကို မိသားစုများက မသိသည့်အတွက် ဘာသာရေးအရ ရက်လည်ဆွမ်းကျွေးကိုပင် မလုပ်ရကြောင်း သိရသည်။
နိုင်ငံရေး အကျဉ်းသားများအပေါ် ထိရောက်သည့်ကူညီထောက်ပံ့မှုများပေးရန် လိုအပ်သည့်အပြင် စစ်ကောင်စီနှင့်အကျဉ်းဦးစီးဌာနအပေါ်တွင်လည်း အကျဉ်းထောင်တွင်း ကျန်းမားရေးစောင့်ရှောက်မှု ပြည့်ဝစွာရရှိရေးနှင့်ပက်သက်ပြီး လွတ်လပ်သည့်အဖွဲ့အစည်းများဖြစ်သည့် ICRC(International Committee of the Red cross)၊HRW(Human Rights Watch)၊AI(Amnesty international)တို့အနေဖြင့် ထိရောက်သည့် ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးရန်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က တောင်းဆိုထားသည်။
ဓာတ်ပုံ-အိုးဘိုထောင်
#PPNM #ငလျင် #အိုးဘိုအကျဉ်းထောင် #နိုင်ငံရေးအကျဉ်းသား #Ayeyarwaddy_Times