
သြဂုတ်လ ၂၆ ရက်နေ့ နိုင်ငံတဝှမ်း ဖြစ်ပွားခဲ့သောသတင်းများ(Ayeyarwaddy Times News SMS)
– အာဏာသိမ်း ၁ နှစ်ခွဲကျော်အတွင်း စစ်တပ်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂၂၅၀ နီးပါးရှိလာ
– စက်သုံးဆီစျေးကြောင့် အဝေးပြေးကားလက်မှတ်ခစျေးနှုန်းများ ၄၀၀၀ ကျပ်အထိ ထပ်မံ တိုးမြှင့်စျေးတက်
– ဓနုဖြူမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီက လျှပ်စစ်မီးမပေးဘဲ မီတာခလိုက်ကောက်နေ
– စစ်ကောင်စီက အကူသူနာပြု ၉လ သင်တန်း ဝင်ခွင့် ပညာအရည်အချင်းအား ၉ တန်းအောင်အဖြစ် လျှော့ချသတ်မှတ်
– ရန်ကုန်မြို့ ၈ မိုင်တရားရုံးကို မြို့ပြပြောက်ကျားတပ်ဖွဲ့က လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်
– လယ်ဇင်ရွာထဲ ဝင်လာတဲ့ အင်အား ၅၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူတစ်ဦးကို ပစ်သတ်ခဲ့
– ဒီးမော့ဆိုတိုက်ပွဲတွင် စစ်တပ်က ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များပြား
– ဆားလင်းကြီးတွင် စစ်တပ်ပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံး မီးလောင်ပျက်စီး
– မြိုင်မြို့နယ်ကို စစ်ကြောင်ထိုးနေတာကြောင့် အိမ်ခြေ ၁၀၀၀ ကျော်လောက်ရှိတဲ့ ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရ
– ရန်ကုန်တွင် စားဝတ်နေရေး အဆင်မပြေသဖြင့် လူကူးခုံးကျော်တံတားပေါ်မှ အမျိုးသား ၁ ဦး ခုန်ချ