
မင်းရွာကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တွေကို PDF ၂၇ ဖွဲ့ကပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကြောင်းမှူး တဦးအပါအဝင် စစ်ကောင်စီတပ်သား ၂၁ ဦးထက်မနည်းသေဆုံး
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၆ ရက်
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ မင်းရွာကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နဲ့ပျူစောထီးများ သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်တွင်တိုက်
ခိုက်ခံရပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့ကြောင်း Phoenix အထူးပြောက်ကျားတပ်ဖွဲ့ဝင်တဦးထံကသိရသည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူး အရာရှိတစ်ဦးအပါအဝင် ၂၁ ဦး ဝန်းကျင်သေဆုံးခဲ့ပြီး ၁၂ ဦး ခန့် ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ Phoenix အထူးပြောက် ကျားတပ်ဖွဲ့ဝင်များက ပြောသည်။
ထိတွေ့တိုက်ပွဲ ၂၀ မိနစ်တွင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီပူးပေါင်းအဖွဲ့များမှလည်းလက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှာလည်း ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း Phoenix တပ်ဖွဲ့ဝင်များက ပြောသည်။
၎င်း စစ်ဆင်ရေးကို Phoenix အထူးပြောက်ကျားတပ်ဖွဲ့ နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ် (ပကဖ)၊
မြင်းခြံခရိုင်တပ်ရင်း – ၁ (27 Revolution Force၊
Burmese Guerilla Force (BGF)၊ 11 Brothers Revolution Force)၊ မြင်းခြံခရိုင် တပ်ရင်း – ၂ (PDF-Taloke၊ MGN Tiger၊ MGN Ranger၊ Myingyan Twenty One Guerilla Force)၊ မြင်းခြံခရိုင် တပ်ရင်း – ၃ (မြေလတ် PDFT ၊TTAပြောက်ကျားတပ်၊ 7 People’s Defense Force၊) မြင်းခြံခရိုင်တပ်ရင်း – ၅ (MGN 35၊ The Value Of Young Men၊ MG 6
ပြောက်ကျားတပ်)၊ စစ်ကိုင်းခရိုင်တပ်ရင်း – ၄ (MSPDF)၊သိန်းငှက် ပြောက်ကျားတပ်ဖွဲ့၊ Shwe Lal Kyun LPDF၊
ဒေါင်းညီနောင် PDF၊ YLK ပြောက်ကျားတပ်၊ ဗိုလ် ၆၀ ပြောက်ကျားတပ်၊ Farmer Defense Force၊ Young Fighters PDF၊ ရဲဘော်ညီနောင် PDF၊ ကျေးရွာတပ်ပေါင်းစု – မြောင်၊ ရေလယ်ကျွန်းဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်း၊ People’s Defense Force Mandalay -MDY PDF၊ YSO. ISA၊ Wolf Brothers၊ Myaung Fighters၊ Justice
Revolution Force၊Myingyan MGK ပြောက်ကျားတပ်ဖွဲ့၊ အမေ့လက်ရုံး ပြောက်ကျားတပ်၊ Thwaythauk Revolution Force၊ K.N.T ပြောက်ကျားတပ်ဖွဲ့၊ Yesagyo PDF စသည့် မဟာမိတ်တပ်ဖွဲ့ (၂၇) ဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ Phoenix အထူးပြောက်ကျားတပ်ဖွဲ့က ပြောသည်။
#Ayeyarwaddy_Times