
ဧရာဝတီတိုင်းမ်
ဧပြီ ၁၈ ရက်
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ မြန်မာနိုင်ငံမှာ မြေငလျင်လှုပ်ခတ်ပြီးနောက် ပုံ မှန်အခြေအနေပြန်ရောက်ရေး ဆွေးနွေးဖို့ ယမန်နေ့က ဗန်ကောက်မြို့မှာ စစ်ခေါင်းဆောင် မင်းအောင် လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
သူနဲ့ မင်းအောင်လှိုင်ဟာ မြန်မာပြည်သူတွေရဲ့ လူသားချင်းစာနာမှု လိုအပ်ချက်တွေနဲ့ပတ်သက် လို့ ပွင့်လင်းစွာ၊ အပြုသဘောဆောင်စွာ ဆွေးနွေးခဲ့တယ်လို့ ထိုင်းနိုင်ငံသို့ နှစ်ရက်ကြာ အလုပ်သဘော ခရီးစဉ် ရောက်ရှိနေတဲ့ အန်ဝါအီဘရာဟင်က ပြောပါတယ်။
“ယာယီဆေးရုံတစ်ခု တည်ဆောက်ရေးနဲ့ တိုင်းပြည်ကို နဂိုအခြေအနေပြန်ရောက်ရေး အရေးပါ မှု အပါအဝင် မြန်မာပြည်သူတွေရဲ့ အရေးတကြီး လူသားချင်းစာနာမှု လိုအပ်ချက်တွေကို ကျွန်တော်တို့ ပွင့်လင်းစွာ ဆွေးနွေးခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။
ယမန်နေ့ညနေ ၃ နာရီ ၃၀ မိနစ်ခန့်မှစတင်ကာ တစ်နာရီကျော် ကြာမြင့်ခဲ့တဲ့ အန်ဝါနဲ့ မင်း အောင်လှိုင်ကြား တွေ့ဆုံမှုကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်လည်း တက်ရောက်ခဲ့ပါ တယ်။
ဧပြီလ ၁၆ ရက်က အကျဉ်းသား ၄၈၀၀ ကျော် လွှတ်ပေးတာ အပါအဝင် မြန်မာနိုင်ငံမှာ မကြာ သေးမီက တင်းမာမှုတွေ ဖြေလျှော့ပေးတဲ့ လုပ်ရပ်တွေကို အန်ဝါက ကြိုဆိုခဲ့ပါတယ်။
“အကျဉ်းသားတွေကို လွှတ်ပေးတဲ့လုပ်ရပ်တွေက အဓိပ္ပာယ်ရှိတဲ့ အချက်ပေးမှုတစ်ခုပါ။ မြန်မာ နိုင်ငံ တည်ငြိမ်ရေးနဲ့ ပြည်သူတွေရဲ့ဘဝ ကောင်းမွန်ရေးအတွက် ပါဝင်ကြဖို့ အဖွဲ့အစည်းအားလုံးကို မိမိ တို့ တိုက်တွန်းပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။
ယနေ့ မြန်မာနိုင်ငံရဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ ဆုံမယ်လို့ သူက ဆိုပါတယ်။
ကိုးကား – Bernama
Ref; Anwar meets Myanmar junta chief in Bangkok, discusses post-quake recovery
#Ayeyarwaddy_Times