
ဧရာဝတီတိုင်းမ်
ဧပြီ ၁၀ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ ရွှေမြင်တင်ကျေးရွာအုပ်စုရှိ အမှတ်(၆)စစ်အခြေခံလေ့ကျင့်ရေးကျောင်းမှ ပြည်သူ့စစ်မှုထမ်း အပါတ်စဉ်ကိုး သင်တန်းဆင်းများကိုဧပြီ င်းရက်နေ့က မကွေးနှင့်ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီတပ်များသို့ ပို့ဆောင်လိုက်ကြောင်းသိရှိရသည်။
ပြီးခဲ့သည့် သြဂုတ်လ နောက်ဆုံးပါတ်အတွင်း သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းအပါတ်စဥ် ကိုးမှသင်တန်းသား ၁၂၀ ကျော်ကို ယခုကဲ့သို့ စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ရခိုင်စစ်တွေနဲ့ မကွေးဘက်တွေကို စစ်အင်အားလိုလို့ပို့တာ ပထမအပါတ်စဥ်တွေတုန်းကရခိုင်ဘက်ကိုပို့တာ တစ်ချို့ဆို သတင်းတောင်မကြားရတော့ဘူး”ဟု စစ်ကောင်စီတပ်နှင့်နီးစပ်သူတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။
ယခု စစ်ကောင်စီတပ်များထံသို့ စေလွှတ်ခံရသူများကို လက်နက်အပြည့်အစုံတပ်ဆင်ပေးခြင်းမရှိပဲ လက်နက်ကိုင်ဆောင်သူစစ်သားအချို့မှ စောင့်ကြည့်ကာကားသုံးစီးဖြင့်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
ဧရာ၀တီတိုင်းတွင်ပြည်သူ့စစ်မှုထမ်းသင်တန်းအပါတ်စဥ် ကိုးတွင် ပုသိမ်မြို့နယ် ၊ ရွှေမြင်တင်ကျေးရွာအုပ်စု ရှိအမှတ် ခြောက်စစ်အခြေခံ လေ့ကျင့်ရေးတပ် နှင့် အင်္ဂပူမြို့နယ် ကွင်းကောက်မြို့ ရှိ အမှတ်ငါး တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတို့တွင် အင်အား ၃၀၀ ခန့်ကိုနှစ်နေရာခွဲကာ နှစ်လအကြာသင်တန်းပေးခဲ့ကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သူများထံမှ သိရှိရသည်။
ဓာတ်ပုံ-ပုသိမ်အမှတ်စဥ် ၁၁ ပြည်သူ့စစ်မှုထမ်းများ
#ပုသိမ်စစ်လေ့ကျင့်ရေးကျောင်း #သင်တန်းဆင်းတပ်သားများ #မကွေး #ရခိုင် #ပို့ဆောင် #Ayeyarwaddy_Times