
ဧရာဝတီတိုင်းမ်
မတ်လ ၂၃ ရက်
မြန်မာစစ်ကောင်စီရဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ ရွေးကောက်ပွဲကျင်းပမယ့် အစီအစဉ်တွေကို အ လွန်အမင်း စိုးရိမ်မိတယ်လို့ မတ်လ ၂၁ ရက် ဂျပန်လွှတ်တော်အစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီး တာကဲရှိအိုင်ဝါယာက ထုတ်ဖော်ပြောခဲ့ပါတယ်။
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီလအစောပိုင်း ဘီလာရုစ်ခရီးစဉ်အ တွင်း ရွေးကောက်ပွဲကျင်းပမယ့်အချိန်ကို လူသိရှင်ကြား ကြေညာခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့် ရေးအဖွဲ့ (HRW) က ဆိုပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိန်းသိမ်းထားသူတွေကို လွှတ်ပေးတာမျိုးလို နိုင်ငံရေး တိုးတက်မှုမျိုးမရှိဘဲ ရွေးကောက်ပွဲကျင်းပမှာကို ဂျပန်အစိုးရက အလွန်အမင်း စိုးရိမ်ပါတယ်။ လက်ရှိအ ခြေအနေကို ကျော်ဖြတ်မယ့် တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်မှသာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မြန်မာ ပြည်သူတွေက ဖိတ်ကြားမှုပြုလုပ်ပြီး ငြိမ်းချမ်းတဲ့ အဖြေတစ်ခု ပြုလုပ်နိုင်မှာဖြစ်ပါတယ်” လို့ အတိုက်အ ခံ လွှတ်တော်အမတ်တစ်ဉီးရဲ့ လွှတ်တော်တွင်း မေးမြန်းချက်ကို တာကဲရှိအိုင်ဝါယာက ဖြေကြားခဲ့ပါ တယ်။
အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်ကောင်စီဟာ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုနဲ့ စစ်ရာဇ ဝတ်မှုမြောက်တဲ့ အရပ်သားတွေအပေါ် တရားလက်လွှတ်သတ်ဖြတ်မှုတွေ၊ နှိပ်စက်မှုတွေနဲ့ ရမ်းသမ်း တိုက်ခိုက်မှုတွေ အပါအဝင် စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ပါတယ်။
မြန်မာစစ်ကောင်စီဟာ အတိုက်အခံ နိုင်ငံရေးသမားတွေကို ဖမ်းဆီးကာ နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းပြီး မဖြစ်နိုင်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖို့ စီစဉ်နေပါတယ်။
မြန်မာနိုင်ငံရှိ ပိုင်နက်နယ်မြေအများစုဟာ လက်ရှိမှာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိ တာကြောင့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အများယုံကြည်လက်ခံနိုင်ရေးဟာ စိုးရိမ်မှုတွေဖြစ်စေပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ စစ်ကောင်စီဟာ အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေကို အ မြစ်ပြတ်ချေမှုန်းကာ စစ်မှုထမ်းသစ်တွေ စုဆောင်းဖို့ရည်ရွယ်တဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ သန်းခေါင် စာရင်း ကောက်ယူကာ မဲဆန္ဒရှင်စာရင်း ပြုစုခဲ့ပါတယ်။
မြန်မာနိုင်ငံရှိ မြို့နယ် ၃၃၀ အနက် ထက်ဝက်ပင်မရှိတဲ့ ၁၄၅ မြို့နယ်မှာသာ သန်းခေါင်စာရင်းကို အောင်မြင်စွာ ကောက်ယူနိုင်ခဲ့တယ်လို့ စစ်ကောင်စီ တာဝန်ရှိသူတွေက နောက်ပိုင်း ကြေညာခဲ့ပါတယ်။
မြန်မာစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကျင်းပမယ့် အစီအစဉ်တွေကို ဂျပန်တစ်နိုင်ငံတည်းက ကန့် ကွက်နေတာမဟုတ်ပါဘူး။
“လက်ရှိအချိန်မှာ ရွေးကောက်ပွဲကျင်းပရေးက ဉီးစားပေးရမယ့်အလုပ် မဟုတ်ဖူးလို့ ကျွန်တော် တို့ မြန်မာစစ်ကောင်စီကို ပြောကြားခဲ့ပါတယ်” လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန် က သတင်းထောက်တွေကို မကြာသေးမီက ပြောကြားခဲ့ပါတယ်။
မြန်မာစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အလိမ်အညာ ရွေး ကောက်ပွဲလို့ ခေါ်ဆိုကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူတွေက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။
မြန်မာစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကျင်းပမယ့် အစီအစဉ်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုမှု ဟာ ကောင်းမွန်သော စတင်မှုတစ်ခုဖြစ်ပြီး ပိုမိုလုပ်ဆောင်သင့်ပါတယ်။
မြန်မာစစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်ကို လက်မခံဖို့နဲ့ အများမယုံကြည်သော၊ လွတ်လပ် ပြီး တရားမျှတမှုမရှိနိုင်တဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို နည်းပညာအကူအညီမပေးဖို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ၊ တောင်ကိုရီးယားနဲ့ အိန္ဒိယကို ဂျပန်နိုင်ငံက နားချသင့်တယ်လို့ HRW က ပြောပါတယ်။
ကိုးကား – HRW
Ref; Japan Doubts Myanmar Junta’s Election Plans
#Ayeyarwaddy_Times