ဧရာဝတီတိုင်းမ်
မတ် ၂၂ ရက်

ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်တွင် အလုပ် နေရာလစ်လပ် နေကာဝန်ထမ်း ခေါ်ယူလိုသည့် ကုမ္ပဏီများ ဖြင့် တိုက်ရိုက်အင်တာဗျူးနိုင်သော အလုပ်အကိုင်ပြပွဲကို ယနေ့ မတ် ၂၂ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအလုပ်ခေါ်ယူနေသော ကုမ္ပဏီများတွင် ဘဏ်များ၊ နည်းပညာကုမ္ပဏီများ၊ ရေနံတူး ဖော်ရေးကုမ္ပဏီ၊ စား သောက်ကုန်ဖြန့်ချိရေးကုမ္ပဏီများအပါအဝင် အာမခံကုမ္ပဏီ စုစုပေါင်း ကုမ္ပဏီ ၂၀ ကျော်ရှိလစ်လပ် နေရာများအတွက် ခေါ်ယူနေကြောင်း သိရသည်။

” စိတ်ဝင်စားလို့လာကြည့်တာ။ အလုပ်တော့လုပ် နေတာမရှိဘူး။ အင်တာဗျူးတစ်ခါတည်း ဖြေလို့ရတာလည်း တွေ့တယ် ” ဟု ပြပွဲရောက်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

ယင်းပြပွဲအတွင်းစိတ်ဝင်စားသည့် အလုပ် နေရာအတွက် ကုမ္ပဏီတိုက်ရိုက် အင်တာဗျူး ဖြေဆိုနိုင်ခြင်း ၊ ကိုယ် ရေးအကျဉ်းတင်ထားပါကအင်တာဗျူး ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းကုမ္ပဏီလုပ်ငန်းများအပါအဝင် ကုန်ထုတ်လုပ်ငန်းနှင့် မွေးမြူ ရေး စိုက်ပျိုး ရေးလုပ်ငန်းများတွင် လုပ်သားလိုအပ်ချက်မြင့်မားလျက်ရှိ ကြောင်း စီးပွား ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ပြည်တွင်းရှိ လူငယ်သိန်းချီသည် စစ်မှုထမ်းဥပဒေအပါအဝင် တားဆီးပိတ်ပင်မှုများရှိနေ၍ ပြင်ပထွက်အလုပ်လုပ်ရန် ပြင်ဆင်လျက်ရှိနေသလို တိမ်းရှောင်နေရမှုများလည်းရှိသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ရန်ကုန် #အလုပ်အကိုင်ပြပွဲ #ကုမ္ပဏီပေါင်းနှစ်ဆယ်ကျော်ပါဝင် #Ayeyarwaddy_Times