
ပေါင်းတည်မြို့တွင် မြို့ခံလူငယ်တွေက “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” ဆိုတဲ့ စာတန်းချိတ်ဆွဲကာ ဆန္ဒပြ
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၃ ရက်
ပဲခူးတိုင်း၊ ပေါင်းတည်မြို့တွင် မြို့ခံလူငယ်တွေက “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” ဆိုတဲ့ စာတန်းချိတ်ဆွဲကာ ယနေ့တွင် ဆန္ဒပြခဲ့ကြပါတယ်။
” ကျွန်တော်တို့မြေပြင်သပိတ်တွေရဲ့လှုပ်ရှားမှုတိုင်းဟာ တနိုင်ငံလုံးက မြို့တွေထိကိုယ်စားပြုမှုရှိပါတယ် တခြားမြို့ကသပိတ်အင်အားစုများအနေဖြင့်လည်း ပျောက်ကြားသပိတ်များဖော်ဆောင်ခြင်းဖြင့် ပင်ပန်းခက်ခဲစွာဖြင့်ရှေ့ဆက်နေကြတဲ့တောထဲက ကျနော်တို့ရဲဘော်တွေတွက်လည်းခွန်းအားဖြစ်စေလိုပါတယ်။ ကျနော်တို့ပြည်သူတရပ်လုံးအနေဖြင့်
ဒီလောက်ရက်စက်ယုတ်မာကောက်ကျစ်တဲ့ဖက်ဆစ်စစ်တပ်ကို ရတဲ့ပုံစံနဲ့ဆန့်ကျင်ပါ မနက်အိပ်ယာနိုးတာနဲ့ တော်လှန်ရေးအသိနဲ့ဆက်လက်ရှင်သန်ပေးကြပါ။ ကျနော်တို့လူထုအားနဲ့ပဲဒီစစ်အာဏာရှင်ကိုဖြိုချဖျက်ဆီးလို့ရမှာပါ။ အဓိက ကျနော်တို့လက်မလျော့လိုက်ဖို့ပါ လူထုသပိတ်တိုက်ပွဲတွေဟာလည်းတော်လှန်ရေးရဲ့အဓိကလိုအပ်ချက်တခုမို့
ကျနော်တို့လှုပ်ရှားမှုတိုင်းကိုပြည်သူလူထုတရပ်လုံးပူးပေါင်းပါဝင်ကြဖို့လည်းမေတ္တာရပ်ခံပါတယ် အရေးတော်ပုံအောင်ဖို့ကိုယ်တိုင်နိုင်တဲ့အားနဲ့ပါဝင်ကြပါ။ကျနော်တို့ တော်လှန်ရဲဘော် ၇/ အဖွဲ့သည် အဖိနှိပ်ခံတိုင်းရင်းသားပြည်သူလူထုတရပ်လုံးနဲ့အတူတသားထဲရပ်တည်ပြီး စစ်အာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းသိအထိ တိုက်ပွဲဝင်သွားပါမည်။
ရန်ကုန်မန္တလေးသပိတ်အင်အားစုများနဲ့တူရပ်တည်ကြောင်း အတူလက်တွဲမြေပြင်သပိတ်တိုက်ပွဲဝင်နေကြောင်းလည်းပြောကြားလိုပါတယ်” လို့ ပေါင်းတည်မြို့အခြေစိုက် တော်လှန်ရဲဘော် လူပျော်ကြီးက ဧရာဝတီတိုင်းမ်ကပြောပါတယ်။
ဓာတ်ပုံ – ပေးပို့
#Ayeyarwaddy_Times