ဧရာဝတီတ်ိုင်းမ်
ဇွန်လ ၂၇ ရက်
တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ၊နန်းတောင်ကျေးရွာတွင်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပုလော PDF နဲ့ မဟာမိတ်အင်အားစုက ဒီကနေ့နံနက် ၆ နာရီဝန်းကျင်က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးတယ်လို့ ပုလော PDF ထံကသိရပါတယ်။
ဇွန် ၂၇ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်ကစတင်ပြီး နံနက် ၈ နာရီအထိ ၂ နာရီကျော် နှစ်ဖက်အပြန်အလှန် လက်နက်ကြီး လက်နက်ငယ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ ပုလော PDF မှ တာဝန်ရှိသူတဦးကဆိုပါတယ်။
တိုက်ပွဲတွင်စစ်ကောင်စီဘက်မှ (၆) ဦးသေဆုံးခဲ့သော်လဲ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဘက်မှ ထိခိုက်မှူမရှိပဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ ပုလောPDF တပ်ဖွဲ့ဝင်များကဆိုပါတယ်။
ထို့ပြင် စစ်ကောင်စီဘက်က အထိနာပြီး စစ်ကောင်စီဘက်မှ အင်အားထပ်မံတိုးချဲ့ လျှက်ရှိ လာကြောင်း ပုလော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကသိရရှိပါတယ်။