
ဧရာဝတီတိုင်းမ်
မတ် ၁ ရက်
ထိုင်းအစိုးရဟာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေ တိုက်ဖျက်မယ့် မူဝါဒတွေ ဖော်ဆောင်ရာမှာ လမ်းကြောင်းမှန်ပေါ်ရောက်နေတယ်လို့ ဝန်ကြီးချုပ် ပေထောင်တန်ရှင်နာ ဝပ်ထရာက ပြောပါတယ်။
ရတ်ချာဘူရီမဲဆန္ဒနယ်ရဲ့ United Thai Nation ပါတီ လွှတ်တော်အမတ် ဝမ်ပီတူချရော့ဂျ်ရဲ့ လွှတ်တော်တွင်း မေးမြန်းချက်ကို ပေထောင်တန်က အခုလို ဖြေကြားခဲ့တာပါ။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းရာမှာ အနီးကပ် လက်တွဲဆောင်ရွက်ဖို့ ဝန်ကြီးဌာနဲ့ အစိုး ရအဖွဲ့အစည်းတွေကို ညွှန်ကြားခဲ့ပြီး နယ်စပ်ဖြတ်ကျော်ဂိုဏ်းတွေကို တိုက်ဖျက်နိုင်ရေး အိမ်နီးချင်းတိုင်း ပြည်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းနေတယ်လို့ ၎င်းက ဆိုပါတယ်။
ထိုင်းအစိုးရဟာ အွန်လိုင်းရာဇဝတ်မှုတွေ တိုက်ဖျက်ဖို့ စင်တာတစ်ခု ထူထောင်ခဲ့သလို ကျားဖြန့် လုပ်ကိုင်သူတွေ ဖွင့်လှစ်ထားတဲ့ ဘဏ်အကောင့် ၁ ဒသမ ၉၂ သန်းကို ပိတ်သိမ်းခဲ့တယ်လို့ သူက ဆက် ပြောပါတယ်။
လူပေါင်း ၁၄၄၀၀၀ ဉီးရဲ့အမည်တွေကို အသုံးပြုပြီး ဘဏ်အကောင့် ၁ ဒသမ ၉၂ သန်းကို မှတ်ပုံ တင်ထားတယ်လို့ ပေထောင်တန်က လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။
အွန်လိုင်းကျားဖြန့်တွေ အသုံးပြုတဲ့ ဆင်းကတ် ၂ ဒသမ ၄ သန်းကို ဖျက်သိမ်းခဲ့ပြီး တရားမဝင် အသုံးပြုတယ်လို့ သံသယရှိတဲ့ ဆင်းကတ် ၂ ဒသမ ၈ သန်းကို စစ်ဆေးနေတယ်လို့ ၎င်းက ပြောပါတယ်။
အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကြောင့် ထိခိုက်နစ်နာမှုမှာ နေ့စဉ် ဘတ် သန်း ၁၀၀ ဝန်းကျင်မှ ဘတ် သန်း ၅၀ ဝန်းကျင်အထိ ကျဆင်းသွားခဲ့တယ်လို့ သူက ဆိုပါတယ်။
“ထိုင်းဝန်ကြီးချုပ်အနေနဲ့ ထိုင်းပြည်သူတွေကို ဉီးစားပေး စောင့်ရှောက်ဖို့က ကျွန်မရဲ့ ဉီးစားပေး ဖြစ်ပါတယ်။ ကျားဖြန့်လုပ်ငန်းတွေနဲ့ မူးယစ်မှောင်ခိုတွေကို ချေမှုန်းသတ်သင်ချိန်အထိ ထိုင်းအစိုးရက လုပ်ဆောင်သွားမှာဖြစ်ပါတယ်” လို့ ပေထောင်တန်က ဆိုပါတယ်။
ကိုးကား – Bangkok Post
Ref; PM addresses call centre scams in first parliamentary response
#Ayeyarwaddy_Times