ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၈ ရက်

ရခိုင်ပြည်နယ်ရှိ အသိုင်းအဝိုင်းတွေကို လူသားချင်းစာနာမှု အကူအညီနဲ့ သက်မွေးဝမ်းကြောင်း ပံ့ပိုးမှု ပြုလုပ်နိုင်ရေး ဆွေးနွေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ဟာ လာမယ့် လမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာရောက်မယ်ဆိုတဲ့သတင်းတွေကို Burma Campaign UK က ကြိုဆို လိုက်ပါတယ်။

Burma Campaign UK ဟာ အန်တိုနီယိုဂူတာရက်စ်ကို မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရဲ့ လူသား ချင်းစာနာမှု အကျပ်အတည်းကို ဆွေးနွေးနိုင်ရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ဖို့ လှုံ့ဆော်ခဲ့တာဖြစ် ပါတယ်။

မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်ရှိ ထိန်းချုပ်နိုင်စွမ်းမရှိတော့သောနယ်မြေတွေသို့ အကူအညီနဲ့ ကုန်သွယ်မှု ပိတ်ပင်ထားမှုဟာ ဒေသခံပြည်သူတွေ ငတ်မွတ်ခေါင်းပါးစေဖို့ အသုံးပြုတဲ့ နည်းဗျူဟာတစ် ခု ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ အရေးပေါ်အကူအညီစင်္ကြံတစ်ခု ဖွင့်လှစ်ရေးနဲ့ အာရက္ခတပ်တော်ရဲ့ ထိန်းချုပ်မှုအောက်ရှိနယ်မြေတွေသို့ အကူအညီနဲ့ ကုန်သွယ်မှုပြုလုပ်နိုင်ရေး လမ်းကြောင်းဖွင့်လှစ်နိုင် ရေး အန်တိုနီယိုဂူတာရက်စ်က စေ့စပ်ညှိနှိုင်းဖို့ အွန်လိုင်းတောင်းဆိုမှုတွေ ရှိနေပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ အာရက္ခတပ်တော် ထိန်းချုပ်ထားရာနယ်မြေများသို့ နေရပ်ပြန်နိုင်ရေး ဘေးကင်းသော အခြေအနေတွေ ဖန်တီးရေးနဲ့ပတ်သက်လို့ အန်တိုနီယိုဂူတာရက်စ်က ခရီးစဉ်အတွင်း ဆွေးနွေးမှုတွေ ပြုလုပ်မယ်လို့ သိရပါတယ်။

“ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်က ဘင်္ဂလားဒေ့ရှ်မှ ရခိုင်ပြည်နယ်သို့ အကူအ ညီပေးရေးနဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေ ဖွင့်လှစ်မှုအပါအဝင် သိသာတဲ့ အပြောင်းအလဲတ ွေဖြစ်ပေါ်ဖို့ အကောင်းဆုံး မျှော်လင့်ချက်ဖြစ်ပါတယ်” လို့ Burma Campaign UK ရဲ့ ညွှန်ကြားရေးမှူး မတ်ခ်ဖန်နာက ပြောပါတယ်။

ကိုးကား – Burma Campaign UK
Ref; Burma Campaign UK Welcomes UN Secretary General Plan To Visit Bangladesh

#Ayeyarwaddy_Times